ထိုအခါငါသည် ပဋိညာဉ်ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ လှည့်၍ မီးလောင်သောတောင်ပေါ်က ဆင်းလာ၏။
ထာဝရဘုရားသည်မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တစ်တောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တစ်တောင်လုံး ပြင်းစွာလှုပ်လေ၏။
မောရှေသည်မိမိလှံတံကို မိုးကောင်းကင်သို့ဆန့်၍၊ ထာဝရဘုရားသည် မိုးကြိုးနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုးသီးရွာစေတော်မူသဖြင့်၊
သင်တို့သည် အနီးတော်သို့ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သောမှောင်မိုက်နှင့် ပြည့်စုံလေ၏။
သင်တို့သည် မှောင်မိုက်ထဲကစကားသံကို ကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူတို့သည် ငါ့ထံသို့ချဉ်းကပ်၍၊
သင်တို့သည် သင်တို့ဘုရားသခင်၊ ထာဝရဘုရားကိုပြစ်မှား၍၊ နွားသငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရား မှာထားတော်မူသောလမ်းမှ အလျင်အမြန်လွှဲသွားကြောင်းကို ငါသည်ကြည့်မြင်လျှင်၊
ထိုမှတစ်ပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့လည်းကောင်း၊ လောင်သောမီးသို့လည်းကောင်း၊ မည်းသောတိမ်တိုက်၊ မှောင်မိုက်၊ မိုးသက်မုန်တိုင်းသို့ လည်းကောင်း၊-