တရားဟော 8:19Judson Bibleသင်၏ ဘုရားသခင်ထာဝရဘုရားကို သင်သည်မေ့လျော့သဖြင့်၊ အခြားတစ်ပါးသောဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ငါသည် သင့်တစ်ဖက်၌သက်သေခံ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသောပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတစ်ပါးသော ဘုရားတို့ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုပုန်ကန်၍ ငါ့ပဋိညာဉ်တရားကို ဖျက်ကြလိမ့်မည်။
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တစ်ဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ၍ ကောင်းမွန်သောဤပြည်၌ သင်တို့သည် မပျောက်မပျက်မီတိုင်အောင် သူတို့သည် သင်တို့၌ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူးဖြစ်ကြလိမ့်မည်အကြောင်းကို ဧကန်အမှန် သိမှတ်ကြလော့။