Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 7:23

Judson Bible

သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင်၌​အပ်၍၊ သူ​တို့​မ​ပျက်​စီး​မီ​တိုင်​အောင်၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း​ကို စီ​ရင်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​ကြောက်​တတ်​သော​သ​ဘော​ကို သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်၌ ခပ်​သိမ်း​သော​လူ​မျိုး​ကို ငါ​ဖျက်​ဆီး​မည်။ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို နောက်​သို့​လှည့်​စေ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် နီး​သော​ကြောင့်၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ အ​န​န္တ​တန်​ခိုး​ရှင်​စီ​ရင်​တော်​မူ​သော ဘေး​အ​န္တ​ရာယ်​ကဲ့​သို့ လာ​လိမ့်​မည်။

အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ အ​ရှက်​မ​ကွဲ​ပါ​စေ​နှင့်။ သူ​တို့​သည် စိတ်​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ သူ​တို့​အ​ပေါ်​မှာ ဘေး​အ​န္တ​ရာယ်​ကာ​လ​ကို ရောက်​စေ​တော်​မူ​ပါ။ အ​ထပ်​ထပ်​ဖျက်​ဆီး​တော်​မူ​ပါ။

ထို​နေ့​ရက်​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​နီး​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင် ဖျက်​ဆီး​ခြင်း ဘေး​ကဲ့​သို့ ရောက်​လာ​လိမ့်​မည်။

ထို​သူ​တို့ မ​ကွယ်​မ​ပျောက်​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​လုံး​အ​ရင်း​ထဲ​က​ပယ်​ရှား​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့၌ အပ်​တော်​မူ​သ​ဖြင့်၊ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​အ​တိုင်း၊ သူ​တို့၌ ပြု​ရ​ကြ​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​များ​ကဲ့​သို့၊ ထို​နည်း​တူ သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​ရ​လိမ့်​မည်။

သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။

ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​အား​ဖြင့် ဂုဏ်​အ​သ​ရေ​တော် ထင်​ရှား​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သက်​သေ​ကို သင်​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​အား​ဖြင့် အံ့​ဩ​ချီး​မွမ်း​ခြင်း​ကို​လည်း​ကောင်း၊ ခံ​အံ့​သော​ငှာ ကြွ​လာ​တော်​မူ​သော​နေ့​ရက်၌၊ ထို​သူ​တို့​သည် သ​ခင်​ဘု​ရား၏ မျက်​နှာ​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​ရှိ​သော ဘုန်း​တော်​နှင့်​လည်း​ကောင်း ကွာ၍ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​တည်း​ဟူ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လ​တ္တံ့၊

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​ရှုံး​စေ၍၊ ဂိ​ဗောင်​မြို့​အ​နား​မှာ ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​အား​ဖြင့်​သတ်၍၊ ဗေ​သော​ရုံ​မြို့​သို့​သွား​သော​လမ်း၌ လိုက်​လျက်၊ အ​ဇေ​ကာ​မြို့၊ မ​က္က​ဒါ​မြို့​တိုင်​အောင် လုပ်​ကြံ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​မှ​စ၍ သူ၏​ရ​ထား​များ​နှင့် ဗိုလ်​ပါ​စစ်​သည်​များ အ​ပေါင်း​တို့​ကို ဗာ​ရက်​ရှေ့​မှာ ဓား​ဖြင့် ရှုံး​စေ​တော်​မူ​သော​ကြောင့်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​မှ​ဆင်း၍ ခြေ​ဖြင့်​ပြေး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ