Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 7:15

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​ဆီ​က​ပယ်​ရှား၍၊ သင်​သိ​သော အဲ​ဂု​တ္တု​ပြည်၏​အ​နာ​ဆိုး​ကို သင်၌​စွဲ​စေ​တော်​မ​မူ။ သင့်​ကို​မုန်း​သော​သူ အ​ပေါင်း​တို့၌ စွဲ​စေ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်၌ မ​ကောင်း​သော​အ​နိဌာ​ရုံ မ​ကပ်​မ​ရောက်။ သင့်​နေ​ရာ​သို့ ဘေး​ဥ​ပဒ်​မ​ချဉ်း​ရ။

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။

ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်​အ​နာ​ဆိုး​ကြောင့်၊ မော​ရှေ​ရှေ့၌ မ​ရပ်​မ​နေ​နိုင်။ ထို​အ​နာ​ဆိုး​သည် ဝိ​ဇ္ဇာ​ဆ​ရာ​တို့၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၌​လည်း​ကောင်း​စွဲ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

ထို​မှ​တစ်​ပါး၊ သင်​ကြောက်​တတ်​သော အဲ​ဂု​တ္တု​ပြည်၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ​သ​ဖြင့်၊ သင်၌ ထို​အ​နာ​ရော​ဂါ​တို့​သည် စွဲ​ကပ်​ကြ​လိမ့်​မည်။

သင်၏​ရန်​သူ​တည်း​ဟူ​သော သင့်​ကို​မုန်း၍ ညှဉ်း​ဆဲ​သော​သူ​တို့​အ​ပေါ်၌​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျိန်​ခြင်း​အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​ကို သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ