Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 6:25

Judson Bible

သို့​ဖြစ်၍ ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ရှေ့​တော်၌​ကျင့်​စောင့်​ခြင်း​ငှာ သ​တိ​ပြု​လျှင်၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ထောက်​ထား​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ရ​ပါ​၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌ သေ​ဘေး​မ​ရှိ၊ အ​သက်​ချမ်း​သာ​လမ်း​ဖြစ်၏။

ငါ​စီ​ရင်​ထုံး​ဖွဲ့​သည် အ​တိုင်း​ကျင့်၍ သ​စ္စာ​စောင့်​ခြင်း​ကို ပြု​လျှင်​လည်း​ကောင်း၊ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်၏။ အ​ကယ်​စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ငါ​ဖော်​ပြ၏။

ထို​ကြောင့် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ထို​အ​ကျင့်​အား​ဖြင့်​အ​သက်​ရှင်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​သိ​ဘဲ၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို တည်​စေ​ခြင်း​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဝန်​မ​ခံ​ကြ။-

ပ​ညတ်​တ​ရား​မူ​ကား၊ ယုံ​ကြည်​ခြင်း​နှင့် မ​စပ်​ဆိုင်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည်၊ ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ဆို​သ​တည်း။-

သူ​သည် မိ​မိ​အ​ဝတ်​ကို​ဝတ်​ခြုံ​လျက် အိပ်​ပျော်၍ သင့်​ကို​ကောင်း​ချီး​ပေး​မည် အ​ကြောင်း၊ သူ​ပေါင်၍​ထား​သော ဥ​စ္စာ​ကို နေ​ဝင်​လျှင် ဆက်​ဆက်​ပြန်​အပ်​ရ​မည်။ ထို​သို့​ပြု​သော​အ​မှု​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​မှု ဖြစ်​လိမ့်​မည်။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို စောင့်​ရှောက်​သည်​တွင် တစ်​စုံ​တစ်​ခု၌​မှား​မိ​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​အ​ပြစ်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ