Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 6:23

Judson Bible

ငါ​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွင်း၍ နေ​ရာ​ချ​ခြင်း​အ​လို့​ငှာ၊ ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​များ၌ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​သော​ပြည်၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ​တည်း​ဟူ​သော နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့​ပို့​ဆောင်​တော်​မူ​ပြီး​မှ၊ ယ​ခု​လ​တွင် သင်​တို့​သည် ဤ​ဝတ်​ကို​ပြု​ရ​ကြ​မည်။

သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကောင်း​ကို၊ ယေ​ဖု​န္နာ၏​သား ကာ​လက်​မှ​တစ်​ပါး၊ ဤ​ဆိုး​သော​လူ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ ဆက်​ဆက်​မ​မြင်​ရ။

ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သင်​မ​တည်​သော မြို့​ကြီး​မြို့​မြတ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​ဖြည့်​ဘဲ ကောင်း​သော​အ​ရာ​နှင့် ပြည့်​သော​အိမ်​တို့​ကို​လည်း​ကောင်း၊

သင်​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကြီး​မား​ခက်​ထန်​သော​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သ​ရဲ​တို့​ကို အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​နှင့် နန်း​တော်​သား​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​တို့​မျက်​မှောက်၌ ပြု​တော်​မူ​ပြီး​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​တိုင်​အောင် ကျေး​ဇူး​ပြု​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​အ​သက်​ကို​စောင့်​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ကိုယ်​အ​ကျိုး​ကို​ထောက်၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​လျက်၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ