Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 6:22

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကြီး​မား​ခက်​ထန်​သော​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သ​ရဲ​တို့​ကို အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​နှင့် နန်း​တော်​သား​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​တို့​မျက်​မှောက်၌ ပြု​တော်​မူ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အို အဲ​ဂု​တ္တု​ပြည်၊ သင်၏​အ​ထဲ​မှာ ဖာ​ရော​မင်း​မှ​စ၍၊ သူ၏​ကျွန်​အ​ပေါင်း​တို့၏​အ​ပေါ်​သို့ လ​က္ခ​ဏာ​သက်​သေ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို စေ​လွှတ်​တော်​မူ၏။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တစ်​ပါး​တည်း​သာ ပြု​တော်​မူ​ထ​သော၊

သင်​သည် ကိုယ်​မျက်​စိ​နှင့်​ကြည့်၍၊ မ​တ​ရား​သော​သူ​တို့၌ ရောက်​ရ​သော​အ​ပြစ်​ကို မြင်​ရုံ​မျှ​သာ​ရှိ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

ငါ​သည်​လည်း​လက်​ကို​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​ထဲ၌ ငါ​ပြု​လ​တ္တံ့​သော ငါ၏​အံ့​ဖွယ်​သော​အ​မှု​ရှိ​သ​မျှ​တို့​နှင့် ထို​ပြည်​ကို​ဒဏ်​ခတ်​မည်။ ထို​နောက် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် သင်​တို့​ကို​လွှတ်​လိမ့်​မည်။

သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊

ထို​အ​ခါ​ယော​ရှု​ကို​လည်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​နှစ်​ပါး၌ ပြု​တော်​မူ​သော​အ​မှု​အ​လုံး​စုံ​ကို သင်​သည်​ကိုယ်​တိုင်​မြင်​ရ​ပြီ။ ထို​အ​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ရောက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​တို့၌ ပြု​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ပေ​ဂု​ရ​ကြောင့် ပြု​တော်​မူ​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ရ​ကြ​ပြီ။ ဗာ​လ​ပေ​ဂု​ရ၌ ဆည်း​ကပ်​သော​သူ​အ​ပေါင်း​တို့​ကို သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ထဲ​က သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​မှာ သင်​တို့​မျက်​မှောက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ စုံ​စမ်း​ခြင်း​နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ စစ်​မှု​ကို​ရောက်​စေ​ခြင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို​ဆန့်​ခြင်း၊ ကြောက်​မက်​ဖွယ်​သော​ရူ​ပါ​ရုံ​တို့​ကို ပြ​ခြင်း​အား​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည်​သွား၍ လူ​တစ်​မျိုး​ထဲ​က​တစ်​မျိုး​ကို မိ​မိ​အ​ဖို့ နုတ်​ယူ​ဖူး​သ​လော။

သင်​က၊ ငါ​တို့​သည်​အဲ​ဂု​တ္တု​ပြည်၌ ဖာ​ရော​ဘု​ရင်၏​ကျွန်​ဖြစ်၍​နေ​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​နှင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။

ငါ​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွင်း၍ နေ​ရာ​ချ​ခြင်း​အ​လို့​ငှာ၊ ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ၏။

ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ