Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 6:20

Judson Bible

နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။

အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

သင်​တို့၏​သား​မြေး​တို့​က၊ ဤ​ဝတ်​ကို​ပြု၍ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကြောင့်​ဤ​သို့​ပြု​ရ၏​ဟု ထို​နေ့​၌​သား​မြေး​တို့​အား ကြား​ပြော​ရ​မည်။

သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​သ​ဖြင့်၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​မြတ်​ကို ဝင်​စား၍​နေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​လျောက်​ပတ်​သော အ​မှု​တို့​ကို​ပြု​ရ​မည်။

သင်​က၊ ငါ​တို့​သည်​အဲ​ဂု​တ္တု​ပြည်၌ ဖာ​ရော​ဘု​ရင်၏​ကျွန်​ဖြစ်၍​နေ​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​နှင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။

ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ