Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 6:14

Judson Bible

အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သင့်​ပတ်​လည်၌​နေ​သော လူ​မျိုး​တို့၏​ဘု​ရား​ကို မ​ဆည်း​မ​ကပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​မျိုး​သား​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့၍၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ရို​သေ၊ ဦး​မ​ညွှတ်၊ ဝတ်​မ​ပြု၊ ယဇ်​မ​ပူ​ဇော်​ရ။

အ​ကျွန်ုပ်​တို့​သည် ကိုယ်​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို မေ့​လျော့၍၊ တစ်​ပါး​အ​မျိုး၏​ဘု​ရား​ထံ​သို့ လက်​ကို​ဆန့်​သည်​မှန်​လျှင်၊

ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။

အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လိုက်၍ ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ကြ​နှင့်။ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို မ​ထွက်​စေ​ကြ​နှင့်။ ငါ​သည်​လည်း၊ သင်​တို့​ကို မ​ညှဉ်း​ဆဲ​ဟု ဆင့်​ဆို​ကြ၏။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို​လည်း၊ ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ သင်​တို့​အ​သီး​အ​သီး လိုက်​သော အ​ဓ​မ္မ​လမ်း​ကို ရှောင်​ကြ​လော့။ သင်​တို့​အ​ကျင့်​ကို ပြု​ပြင်​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်၊ ဝတ်​မ​ပြု​ကြ​နှင့်။ ဤ​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​နှင့် သင်​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ နေ​ရ​ကြ​လိမ့်​မည်​ဟု မှာ​လိုက်​သော်​လည်း၊ သင်​တို့​သည် နား​ကို​ပိတ်​လျက်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ကို မ​ညှဉ်း​ဆဲ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို ဤ​အ​ရပ်၌ မ​သတ်၊ ကိုယ်​အ​ကျိုး​ကို ဖျက်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ချဉ်း​ကပ်​ဘဲ​နေ​လျှင်​လည်း​ကောင်း၊

သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို နား​မ​ထောင်၊ ယ​နေ့ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​ရှောင်၍၊ မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​လျှင်​မူ​ကား ကျိန်​ခြင်း​ကို​ငါ​ထား၏။

သင့်​ပတ်​လည်​အ​နီး​အ​ဝေး၌ နေ​သော​သူ၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ ကိုး​ကွယ်​သော​ဘု​ရား​ကို ဝတ်​ပြု​ကြ​စို့​ဟု တိတ်​ဆိတ်​စွာ သွေး​ဆောင်​လျှင်၊

ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​မေ့​လျော့​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ပျက်​စီး​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သည် သင့်​တစ်​ဖက်၌​သက်​သေ​ခံ၏။

သင်​တို့​တွင် ကြွင်း​သေး​သော ဤ​လူ​မျိုး​နှင့် မ​ပေါင်း​ဖော်၊ သူ​တို့​ဘု​ရား၏​နာ​မ​ကို မြွက်၍ မ​ကျိန်​ဆို၊ ဝတ်​မ​ပြု​ဦး​မ​ညွှတ်​ဘဲ၊

ချစ်​သား​တို့၊ ရုပ်​တု​ဆင်း​တု​ကို ကြဉ်​ရှောင်​ကြ​လော့။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ