Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 5:27

Judson Bible

ကိုယ်​တော်​သည် အ​နီး​အ​ပါး​သို့ ချဉ်း​သွား၍၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​မိန့်​တော်​မူ​သ​မျှ​ကို ဆင့်​ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​နား​ထောင်၍ ပြု​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား​လည်း ပ​ညတ်​တ​ရား​တော်​များ​ကို သင်​ချ​ရ​မည်။ သူ​တို့​သွား​ရာ​လမ်း၊ ပြု​ရ​သော​အ​မှု​ကို​လည်း​ပြ​ရ​မည်။

လူ​အ​ပေါင်း​တို့​က​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု တ​ညီ​တ​ညွတ်​တည်း ပြန်​ပြော​ကြ၏။ မော​ရှေ​သည်​လည်း သူ​တို့​၏​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​လေ​၏။

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​ကို​လည်း​ကောင်း ပြန်​ကြား၍၊ လူ​များ​အ​ပေါင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း အ​ကျွန်ုပ်​တို့ ပြု​ပါ​မည်​ဟု တစ်​သံ​တည်း​ပြန်​ပြော​ကြ၏။

သူ​တို့​က​လည်း ကိုယ်​တော်​ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​ဖြ​င့် အ​ကျွန်ုပ်​တို့​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု၊ ထာ၀​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့၌ မှန်​ကန်၍ သ​စ္စာ​စော​င့်​သော သက်​သေ ဖြစ်​တော်​မူ​စေ​သ​တည်း။

အ​ကျွန်ုပ်​တို့​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို နား​ထောင်​သော​အ​ခါ ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​သည်၊ ကိုယ်​တော်​ကို စေ​လွှတ်​ရာ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား၏​အ​မိ​န့်​တော်​သည် ကောင်း​သည်​ဖြစ်​စေ၊ မ​ကောင်း​သည်​ဖြစ်​စေ၊ နား​ထောင်​ပါ​မည်​ဟု ယေ​ရ​မိ​အား​ပြော​ဆို​ကြ၏။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော အ​သံ​တော်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​သ​ကဲ့​သို့ အ​ဘယ်​လူ​သ​တ္တ​ဝါ​သည်​ကြား၍ အ​သက်​ရှင်​သ​နည်း။

ထို​သို့​သင်​တို့​သည် ငါ့​အား​လျှောက်​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် သင့်​အား​လျှောက်​သော စ​ကား​သံ​ကို​ငါ​ကြား​ရ​ပြီ။ လျှောက်​လေ​သ​မျှ​သော​စ​ကား​သည် လျောက်​ပတ်​ပေ၏။

တံ​ပိုး​မှုတ်​ခြင်း အ​သံ​သို့​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် အ​သံ​သို့​လည်း​ကောင်း၊ ရောက်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို ကြား​သော​သူ​တို့​သည်၊ ထပ်၍ မိန့်​တော်​မ​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

လူ​များ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ပါ​မည်။ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟု ဝန်​ခံ​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ