Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 5:25

Judson Bible

အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် ယ​ခု​သေ​ရ​ပါ​မည်​နည်း။ ဤ​ကြီး​စွာ​သော​မီး​ဖြင့် အ​ကျွန်ုပ်​တို့​သည် ဆုံး​ရှုံး​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​အ​သံ​တော်​ကို တစ်​ဖန်​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏။

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

ပ​ညတ်​တ​ရား၏​အ​ကျင့်​ကို အ​မှီ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ကျိန်​နှင့် စပ်​ဆိုင်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​သော စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​တိုင်း ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​သ​တည်း​ဟု ကျမ်း​စာ​လာ၏။-

ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊

ထာ​ဝ​ရ​ဘု​ရား​က၊ သူ​တို့​စ​ကား​သည် လျောက်​ပတ်​ပေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​က ကြွ​တော်​မူ၏။ စိ​ရ​အ​ရပ်​မှ ထို​လူ​တို့​အား နေ​ထွက်​တော်​မူ၏။ ပါ​ရန်​တောင်​ပေါ်​က ရောင်​ခြည်​ထွန်း​ပ​တော်​မူ၍၊ သန့်​ရှင်း​သော​သူ အ​ထောင်​အ​သောင်း​တို့​နှင့်​အ​တူ ကြွ​တော်​မူ၍၊ ဓ​မ္မ​မီး​သည် ဣ​သ​ရေ​လ​လူ​တို့​အ​ဖို့၊ လက်​ယာ​လက်​တော်​မှ ထွက်​လေ၏။

အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပြီ။ မီး​ထဲ​က​စ​ကား​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည် လူ​နှင့် နှုတ်​ဆက်​တော်​မူ​သော်​လည်း၊ လူ​သည် အ​သက်​ရှင်​သေး​သည်​ကို၊ ယ​နေ့၌ အ​ကျွန်ုပ်​တို့​သည် သိ​မြင်​ရ​ပါ​ပြီ။

တံ​ပိုး​မှုတ်​ခြင်း အ​သံ​သို့​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် အ​သံ​သို့​လည်း​ကောင်း၊ ရောက်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို ကြား​သော​သူ​တို့​သည်၊ ထပ်၍ မိန့်​တော်​မ​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ