Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 4:43

Judson Bible

ထို​မြို့​တို့၏​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး​သား​နေ​ရာ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​အ​မျိုး​သား​နေ​ရာ ဂိ​လဒ်​ပြည်၌​ရာ​မုတ်​မြို့၊ မ​နာ​ရှေ​အ​မျိုး​သား​နေ​ရာ ဗာ​ရှန်​ပြည်၌​ဂေါ​လန်​မြို့​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ၏​သား ယာ​ဣ​ရ​ပိုင်​သော​မြို့​များ၊ ဗာ​ရှန်​ပြည်၊ အာ​ဂေါ​ဘ​အ​ရပ်၌​မြို့​ရိုး၊ ကြေး​ဝါ​တံ​ခါး​ကျင်​နှင့် ပြည့်​စုံ​သော မြို့​ကြီး​ခြောက်​ဆယ်​ကို စီ​ရင်​သော ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​မှ ဂေ​ဗာ၏​သား၊

မေ​ရာ​ရိ​သား အ​ဆွေ​အ​မျိုး​တို့​သည် ရု​ဗင်​ခ​ရိုင်၊ ဂဒ်​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က မြို့​တစ်​ဆယ်​နှစ်​မြို့​တို့​ကို ရ​ကြ၏။

ကြွင်း​သော ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ရ​သည်​အ​တိုင်း၊

ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဗာ​ရှန်​ပြည် ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊

ဂဒ်​ခ​ရိုင်​ထဲ​က ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ မ​ဟာ​နိမ်​မြို့​နှင့် မြို့​နယ်၊

အ​သက်​ချမ်း​သာ​ရ​သော မြို့​သုံး​မြို့​တို့​ကို ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌ မော​ရှေ​သည်​ခွဲ​ထား​လေ၏။

ဤ​ရွေ့​ကား၊ မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​ထား​သော​တ​ရား၊

ယော်​ဒန်​မြစ်​တစ်​ဖက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​မှာ ရု​ဗင်​ခ​ရိုင်၊ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​ခ​ရိုင်၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့၊ မ​နာ​ရှေ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​တို့​ကို​လည်း​ကောင်း ရွေး​ထား​ကြ၏။

လေ​ဝိ​အ​ဆွေ​အ​မျိုး၊ ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ ဗေ​ရှ​တေ​ရ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော နှစ်​မြို့​တို့​ကို​လည်း​ကောင်း၊

ရု​ဗင်​ခ​ရိုင်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ တော၌ ဗေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ယ​ဟာ​ဇ​မြို့​နှင့် မြို့​နယ်၊

ဂဒ်​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ မ​ဟာ​နိမ်​မြို့​နှင့် မြို့​နယ်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ