ထိုအခါ အိမ်နီးချင်းကိုအငြိုးမထားဘဲ၊ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍၊
လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကိုသတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့များအပြင် အခြားသော မြို့လေးဆယ်နှစ်မြို့တို့ကို ပေးရမည်။
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာမြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီးချင်း၏ မြေမှတ်တိုင်ကိုမရွှေ့ရ။
သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင်ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထားရမည်။
ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာထား၏။
အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည်ခွဲထားလေ၏။