Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 34:9

Judson Bible

မော​ရှေ​အ​တွက် ငို​ကြွေး​မြည်​တမ်း​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ နုန်၏​သား​ယော​ရှု​သည် အ​ထက်​က မော​ရှေ၏​လက်​တင်​မင်္ဂ​လာ​ကို ခံ​ရ​သ​ဖြင့်၊ ပ​ညာ​သ​ဘော​နှင့် ပြည့်​စုံ​သော​သူ​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု၏​စ​ကား​ကို​နား​ထောင်​လျက်၊ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သင်​တောင်း​လျှောက်​သည်​အ​တိုင်း ငါ​ပေး၏။ ရှေး​ကာ​လ၌ သင်​နှ​င့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ဖြစ်၊ နောင်​ကာ​လ၌ မ​ဖြစ်​နိုင်​အောင် ဉာဏ်​ပ​ညာ​နှ​င့်​ပြ​ည့်​စုံ​သော​စိတ်​ဝိ​ညာဥ်​ကို သင့်​အား​ငါ​ပေး၏။

သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်၏​လူ​တို့​ကို တ​ရား​စီ​ရင်​နိုင်​မည်​အ​ကြောင်း ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တတ်​သော​ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။

ယေ​ရိ​ခေါ​မြို့​မှာ ကြည့်​ရှု​သော​ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ကို​မြင်​လျှင်၊ ဧ​လိ​ယ၏​ဝိ​ညာဉ်​သည် ဧ​လိ​ရှဲ​အ​ပေါ်​မှာ ကျိန်း​ဝပ်​သည်​ဟု​ဆို​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ​သွား၍ သူ့​ရှေ့၌ မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကြ၏။

မြစ်​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ၊ ဧ​လိ​ယ​က၊ သင်​နှင့်​ငါ​မ​ကွာ​မီ ငါ၌ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လော့​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ကိုယ်​တော်​ဝိ​ညာဉ်​နှစ်​ဆ​သော​အ​ဖို့​ကို အ​ကျွန်ုပ်​အ​ပေါ်​မှာ ရှိ​ပါ​စေ​သော​ဟု တောင်း​သော်၊

ထို​အ​ခါ ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ​ကို​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ဘုန်း​ကြီး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စ​ကား​တော်​ကို နား​ထောင်​ကြ၏။

ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

အာ​ရုန်​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ခွင့်​ရှိ၍၊ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ​ပေး​သော​ဉာဏ်​ကို​ရ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် ထို​အ​ဝတ်​ကို​လုပ်​ရ​မည်​အ​ကြောင်း မှာ​ထား​ရ​မည်။

သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။

ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။

ငါ​သည်​လည်း ထို​အ​ရပ်​သို့​ဆင်း​သက်၍ သင်​နှင့်​နှုတ်​ဆက်​မည်။ သင့်​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို ငါ​ယူ၍ သူ​တို့​အ​ပေါ်​မှာ​တင်​မည်။ ဤ​လူ​တို့​ကို သင်​တစ်​ယောက်​တည်း​သာ ဆောင်​ရွက်​ရ​မည်​မ​ဟုတ်၊ ထို​အ​သက်​ကြီး​သူ​တို့​သည် ဝိုင်း​ညီ၍ ဆောင်​ရွက်​ရ​ကြ​မည်။

ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။-

တ​မန်​တော်​တို့​ရှေ့၌ ထား​ကြ၏။ တ​မန်​တော်​တို့​သည်​လည်း ဆု​တောင်း​ပြီး​လျှင် ထို​သူ​တို့၏ ခေါင်း​ပေါ်၌ လက်​ကို​တင်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​ကို​အောက်​မေ့၍၊ မော​ဘ​လွင်​ပြင်၌ အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။

ထို​နက်​နဲ​သော​အ​ရာ၌ ပ​ညာ​ဘ​ဏ္ဍာ၊ ဉာဏ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​သည် ဝှက်​ထား​လျက်​ရှိ​ကြ၏။-

ဗျာ​ဒိတ်​တော်​ကို ခံ၍၊ သင်း​အုပ်​များ​တို့​သည် လက်​တင်​ခြင်း​နှင့်​တ​ကွ၊ သင်၌​အပ်​ပေး​သော ဆု​ကျေး​ဇူး​ကို မ​ပြု​စု​ဘဲ​မ​နေ​နှင့်။-

အ​ဘယ်​သူ၏​အ​ပေါ်၌ လက်​ကို အ​လျင်​တ​ဆော​မ​တင်​နှင့်။ သူ​တစ်​ပါး​အ​ပြစ်၌ မ​ဆက်​ဆံ​နှင့်။ ကိုယ်​ကို​ကိုယ် စင်​ကြယ်​စေ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ