Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 34:3

Judson Bible

တောင်​ပြည်​နှင့်​တ​ကွ ဇော​ရ​မြို့​တိုင်​အောင် စွန်​ပ​လွံ​မြို့​တည်း​ဟူ​သော ယေ​ရိ​ခေါ​မြို့​တည်​သော​ချိုင့်​နှင့် လွင်​ပြင်​တို့​ကို ပြ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

သော​ဒုံ​မင်း​ကြီး​ဗေ​ရ၊ ဂေါ​မော​ရ​မင်း​ကြီး​ဗိ​ရ​ရှ၊ အာ​ဓ​မာ​မင်း​ကြီး​ရှိ​နပ်၊ ဇေ​ဘိုင်​မင်း​ကြီး​ရှေ​မ​ဘာ၊ ဗေ​လာ​မင်း​ကြီး​တို့​နှင့် စစ်​တိုက်​ကြ၏။ ဗေ​လ​ပြည်​ကား၊ ဇော​ရ​အ​မည်​လည်း​ရှိ​သ​တည်း။

ထို​အ​ခါ သော​ဒုံ​မင်း​ကြီး၊ ဂေါ​မော​ရ​မင်း​ကြီး၊ အာ​ဓ​မာ​မင်း​ကြီး၊ ဇေ​ဘိုင်​မင်း​ကြီး၊ ဇော​ရ​တည်း​ဟူ​သော ဗေ​လာ​မင်း​ကြီး​တို့​သည်​ချီ​ထွက်၍၊ စိ​ဒ္ဒိမ်​ချိုင့်၌ စစ်​ပြိုင်​ကြ​၏။

ဘေး​လွတ်​ခြင်း​ငှာ ထို​မြို့​သို့​အ​လျင်​အ​မြန်​ပြေး​လော့။ ထို​မြို့​သို့​မ​ရောက်​မီ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်​ဟု​ဆို​လေ၏။ ထို​ကြောင့် ထို​မြို့​ကို ဇော​ရ​မြို့​ဟု​သ​မုတ်​ကြ​၏။

အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ထ​လျက်၊ သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို​ခေါ်၍၊ အ​ဝတ်​မ​ရှိ​သော​သူ​တို့​ကို လက်​ရ​ဥ​စ္စာ​ဖြင့် ဝတ်​ဆင်​စေ​ကြ၏။ ခြေ​နင်း​ကို စီး​စေ​ကြ၏။ စား​သောက်​စ​ရာ​ဖို့​ပေး​ကြ၏။ ဆီ​နှင့် လိမ်း​စေ​ကြ၏။ အား​မ​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို မြည်း​ပေါ်​မှာ​တင်၍၊ သူ​တို့ ပေါက်​ဖော်​ရှိ​ရာ ယေ​ရိ​ခေါ​မြို့​တည်း​ဟူ​သော စွန်​ပ​လွံ​ပင်​မြို့​သို့ ပို့​ပြီး​မှ၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​သွား​ကြ၏။

တောင်​မျက်​နှာ​တွင် ဇိ​န​တောင်​မှ ဧ​ဒုံ​ပြည်​အ​နား၌​လျှောက်​လျှင်၊ သော​ဒုံ​အိုင်​အ​ရှေ့​စွန်း​သည် တောင်​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။

မော​ရှေ​ယော​က္ခ​မ၏​သား​မြေး​ဖြစ်​သော ကေ​နိ​အ​မျိုး​သား​တို့​သည်၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ စွန်​ပ​လွံ​မြို့​မှ အာ​ရဒ်​မြို့​တောင်​ဘက်၊ ယု​ဒ​တော​သို့ လိုက်​သွား၍ နေ​ရာ​ကျ​ကြ၏။

ထို​မင်း​သည် အ​မ္မုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​လျက်​ချီ​သွား၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ စွန်​ပ​လွံ​မြို့​ကို သိမ်း​ယူ​သ​ဖြင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ