နဿလိပြည်တစ်လျှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တစ်လျှောက်လုံး၊
ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့်ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌လည်းကောင်း၊ ရာခေလနှင့် ယောသပ်ကိုနောက်၌လည်းကောင်း ထားလေ၏။
သင့်နေရာနယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောမှသည်မြစ်တိုင်အောင်လည်းကောင်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့်မည်။
အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက်အပိုင်းအခြား ဖြစ်ရမည်။
သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနားတိုင်အောင်လည်းကောင်း၊ မြေတစ်လျှောက်လုံးသည် သင်တို့၏နိုင်ငံအဝင် ဖြစ်လိမ့်မည်။
အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ်ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည်နယ် အပိုင်းအခြားဖြစ်သတည်း။