တရားဟော 33:9Judson Bibleထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူကား၊ စကားတော်ကိုနားထောင်၍ ပဋိညာဉ်တရားတော်ကို စောင့်ရှောက်တတ်၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသောသူကဲ့သို့ မှတ်တော်မူပါသည်တကား။
သူတို့ကလည်း လာကြ။ ယေရမိတစ်ဖက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌လည်းကောင်း၊ ပညာရှိသောသူသည် အကြံပေးခြင်းအမှု၌လည်းကောင်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌လည်းကောင်း အရှုံးမခံရ။ လာကြ။ ယေရမိကို လျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင်ဘဲ နေကြကုန်အံ့ဟုဆိုကြ၏။
မောရှေသည် အာရုန်နှင့်သူ၏သား ဧလာဇာနှင့်ဣသမာတို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကိုမဆုတ်နှင့်။ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားရှိသမျှတို့သည် ထာဝရဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။