Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 33:7

Judson Bible

ယု​ဒ​အ​မျိုး​ကို​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယု​ဒ​စ​ကား​သံ​ကို​နား​ထောင်၍ သူ့​ကို အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​ပါ။ မိ​မိ​လက်​တို့​သည် မိ​မိ​အ​ဖို့ တန်​ပါ​စေ​သော။ သူ့​ကို ရန်​သူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​အ​မျိုး​နှင့် ဒါ​ဝိဒ်​အ​မျိုး​တို့​သည် ကြာ​မြင့်​စွာ​စစ်​တိုက်၍၊ ဒါ​ဝိဒ်​သည် အား​တိုး​ပွား​လျက်၊ ရှော​လု​အ​မျိုး​သည် အား​ရွေ့​လျော့​လျက်​ရှိ​ကြ၏။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​လာ၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။

ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ငါ​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်​သို့ ဆက်​ဆက်​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ ကြိုး​စား​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​ကဲ့​သို့ ကြီး​စွာ​သော ဗိုလ်​ခြေ​ဖြစ်​သည်​တိုင်​အောင် တစ်​နေ့​ထက်​တစ်​နေ့ ဒါ​ဝိဒ်​ကို​ကူ​ညီ၍ ဝင်​စား​ကြ၏။

ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​က​ကူ​ညီ၍၊ ဇိ​အုန်​တောင်​ပေါ်​က ထောက်​ပင့်​တော်​မူ​ပါ​စေ​သော။

အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​သည် ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကြောင့် ဝမ်း​မြောက်၍၊ ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် အ​လွန်​ရွှင်​လန်း​ပါ၏။

ကိုယ်​တော်၏​လက်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို​တွေ့၍၊ ကိုယ်​တော်​ကို​မုန်း​သော သူ​တို့​ကို လက်​ယာ​လက်​တော်​သည် တွေ့​တော်​မူ​မည်။

ယု​ဒ​အ​မျိုး​ကို​လည်း​ကောင်း၊ ချစ်​တော်​မူ​သော ဇိ​အုန်​တောင်​ကို​လည်း​ကောင်း ရွေး​တော်​မူ၏။

ကျွန်​တော်​မျိုး​ဒါ​ဝိဒ်​ကို သိုး​ခြံ​များ​ထဲ​က ရွေး​ယူ​တော်​မူ၏။

ငါ၏​သ​စ္စာ​နှင့် က​ရု​ဏာ​သည်​သူ့​ဘက်​မှာ​နေ၍၊ ငါ၏​နာ​မ​အား​ဖြင့် သူ၏​ဦး​ချို​သည် ချီး​မြှောက်​လျက် ရှိ​လိမ့်​မည်။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ရွေး​ရ​သော​မင်း​တို့၏​အ​မည်​ကား၊ ယု​ဒ​အ​မျိုး​သား​ထဲ​က ယေ​ဖု​န္နာ​သား ကာ​လက်။

ထို​မှ​တစ်​ပါး ငါ၏​အ​အုပ်​အ​ချုပ်​ကို မ​ခံ​လို​သော ငါ့​ရန်​သူ​တို့​ကို ခေါ်​ခဲ့​ကြ။ ငါ့​ရှေ့​မှာ​သတ်​ကြ​ဟု စီ​ရင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​သည် ယု​ဒ​အ​မျိုး​ထဲ၌ ပေါ်​ထွန်း​သည်​ဟု ထင်​ရှား​လျက်​ရှိ၏။ ထို​အ​မျိုး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် စပ်​ဆိုင်​သည်​ဟု မော​ရှေ​သည် တစ်​ခွန်း​ကို​မျှ​မ​ပြော။

ဤ​ရွေ့​ကား၊ ယု​ဒ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​မြေ ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ