တရားဟော 33:1Judson Bibleဘုရားသခင်၏လူမောရှေသည် မသေမီ ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးသော မင်္ဂလာစကားဟူမူကား၊ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက်ပတ္ထနာပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟု ဘုရားသခင်၏လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိအတိုင်းဖြစ်လေ၏။
ခမည်းတော်ဒါဝိဒ် စီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကိုလည်းကောင်း၊ လေဝိသားတို့သည် နေ့ရက်အစဉ် ဝတ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထောမနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကိုလည်းကောင်း၊ တံခါးစောင့်တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်းအမှုကိုလည်းကောင်း၊ အသီးအ သီး ဆောင်ရွက်စေခြင်းငှာ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။