ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသားအပေါင်းတို့အား အကုန်အစင်ဟောပြောမြွက်ဆိုပြီးလျှင်၊
ဤသီချင်းစကားကို မောရှေသည်လာ၍ နုန်သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။
သင်တို့အား ယနေ့ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြမည်။