ဤသီချင်းစကားကို မောရှေသည်လာ၍ နုန်သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။
ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှာ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
ဧဖရိမ်အမျိုး၊ နုန်သား ဩရှေ။
မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကိုရေးထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
မောရှေသည် ဣသရေလပရိသတ်အပေါင်းတို့အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား၊
ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသားအပေါင်းတို့အား အကုန်အစင်ဟောပြောမြွက်ဆိုပြီးလျှင်၊