Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 32:37

Judson Bible

သူ​တို့​ဘု​ရား၊ သူ​တို့​ခို​လှုံ​သော​ကျောက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော​ဦး​ချို၊ ငါ၏​ရဲ​တိုက်၊ ငါ​ခို​လှုံ​ရာ၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို​ကယ်​လွှတ်​တော်​မူ၏။

ဧ​လိ​ရှဲ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား​လည်း၊ ငါ​သည်​သင်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ သင့်​အ​ဘ၏​ပ​ရော​ဖက်၊ သင့်​အ​မိ၏ ပ​ရော​ဖက်​တို့​ထံ​သို့ သွား​လော့​ဟု ဆို​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မ​ဆို​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​သုံး​ပါး​တို့​ကို မော​ဘ​လူ​တို့​လက်​သို့​အပ်​ခြင်း​ငှာ စု​ဝေး​စေ​တော်​မူ​သည်​တ​ကား​ဟု ဆို​သော်၊

သင်​သည် ထို​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့် မှား​ယွင်း​ခြင်း​ကို​ပြု၍၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​သော​အ​ခါ၊ သင့်​ကို​ခေါ်၍ သင်​သည် ထို​ယဇ်​ကောင်​ကို​စား​မည်​ဟူ၍​လည်း​ကောင်း၊

သူ​သည်​လည်း ကြောက်​လန့်​သ​ဖြင့်၊ မိ​မိ​ခိုင်​ခံ့​သော မြို့​ကို​လွန်​သွား၍၊ သူ၏​မှူး​မတ်​တို့​သည် နိ​မိတ်​ကို​မြင်​လျှင် စိတ်​ပျက်​ကြ​လိမ့်​မည်​ဟု ဇိ​အုန်​တောင်​ပေါ်​မှာ မီး​လျှံ၊ ယေ​ရှု​ရှင်​မြို့၌ မီး​ဖို​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​တည်း။

ထို​အ​ခါ ယု​ဒ​မြို့​သူ​ရွာ​သား​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ ပူ​ဇော်​ဖူး​သော ဘု​ရား​များ​ထံ​သို့​သွား၍ အော်​ဟစ်​သော်​လည်း၊ ဘေး​ရောက်​ရာ​ကာ​လ၌ ထို​ဘု​ရား​တို့​သည် အ​လျှင်း​ချမ်း​သာ​မ​ပေး​ဘဲ​နေ​ကြ​လိမ့်​မည်။

ကိုယ်​အ​ဖို့ သင်​လုပ်​သော​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် တတ်​နိုင်​လျှင် ထ၍ ကယ်​ကြ​ပါ​လေ​စေ။ အို ယု​ဒ​ပြည်၊ သင်​သည် မြို့​များ​အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​များ ရှိ​ပါ​သည်​တ​ကား။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် သင်​တို့​နှင့် ဤ​ပြည်​ကို​မ​တိုက်​မ​လာ​ရ​ဟု ဟော​ပြော​သော သင်​တို့၏​ပ​ရော​ဖက်​တို့​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။

သင်​တို့ ရွေး​ယူ​သော​ဘု​ရား​တို့​ကို သွား၍ ဟစ်​ကြော်​ကြ​လော့။ အ​မှု​ရောက်​သော ယ​ခု​ကာ​လ၌ သူ​တို့​သည် ကယ်​နုတ်​ကြ​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ