Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 32:23

Judson Bible

သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​များ​ကို​ငါ​ပို့​မည်။ ငါ့​မြား​တို့​ကို အ​ကုန်​အ​စင်​ပစ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

လေး​မြား​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော​အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လေး​မြား​တော်​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။

ရှင်​ဘု​ရင်၏ ရန်​သူ​တို့​နှ​လုံး​ထဲ​မှာ မြား​တော်​တို့​သည် ထက်​သည်​ဖြစ်၍၊ လူ​တို့​သည် ခြေ​တော်​အောက်၌​လဲ​ကြ​ပါ၏။

ထို​သူ​သည် ဒု​စ​ရိုက်​ဖွား​သော ဝေ​ဒ​နာ​ကို​ခံ​ရ၏။ မ​ကောင်း​သော​အ​ကြံ​အ​စည်​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ စိတ်​ပျက်​ခြင်း​ကို ဖွား​မြင်​တတ်၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​သ​ဖြင့်၊ ဘုန်း​ကြီး​တော်​မူ၏။ ပြည်​တော်​ကို ပတ်​ဝန်း​ကျင်၌ ကျယ်​စေ​တော်​မူ​ပြီ။

မြား​တော်​တို့​ကို​လည်း၊ ငါ့​ကျောက်​ကပ်​ကို ခွင်း​စေ​တော်​မူ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။

သင်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ မွတ်​သိပ်​ခြင်း​ဘေး​တည်း​ဟူ​သော​မြား​ဆိုး​တို့​ကို ငါ​လွှတ်​လိုက်​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​တွင် မွတ်​သိပ်​ခြင်း​ဘေး​ကို တိုး​ပွား​စေ၍၊ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​သော​အ​ခါ၌​လည်း​ကောင်း၊

အ​သက်​ကြီး​သော​သူ၊ အ​သက်​ငယ်​သော​သူ၊ အ​ပျို​မ၊ သူ​ငယ်၊ မိန်း​မ​တို့​ကို ရှင်း​ရှင်း​သတ်​ကြ​လော့။ သို့​ရာ​တွင်၊ အ​မှတ်​ပါ​သော​သူ​ကို မ​ချဉ်း​ကပ်​ကြ​နှင့်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၌ အ​ဦး​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို ငါ​ကြား၏။ သူ​တို့​သည်​လည်း၊ အိမ်​တော်​ရှေ့​မှာ​ရှိ​သော အ​သက်​ကြီး​သူ​တို့​ကို ရှေ့​ဦး​စွာ​သတ်​ကြ၏။

ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ငါ​ပေး​ဦး​မည်။

ငါ​သည်​လည်း သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။

ယ​နေ့ ငါ​ဆင့်​ဆို​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​ခြင်း​ငှာ စ​ကား​တော်​ကို​နား​မ​ထောင်​လျှင်၊ သင့်​အ​ပေါ်​မှာ သက်​ရောက်​လ​တ္တံ့​သော ကျိန်​ခြင်း​အ​မင်္ဂ​လာ​များ​ဟူ​မူ​ကား၊

ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော ပ​ဋိ​ညာဉ် အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​နှင့်​အ​ညီ၊ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ပြစ်​ပေး​ဖို့​ရာ ခွဲ​ထား​တော်​မူ​လိမ့်​မည်။

ငါ့​မြား​တို့​ကို အ​သွေး​နှင့်​ယစ်​မူး​စေ​မည်။ ငါ့​ဓား​သည် အ​သား​ကို​စား​လိမ့်​မည်။ သတ်​သော​သူ၊ လက်​ရ​သော​သူ​တို့၏ အ​သွေး၊ ရန်​သူ​အ​ကဲ​အ​မှူး​တို့၏ ဦး​ခေါင်း​ကို စား​သောက်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ