Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 32:17

Judson Bible

ဘု​ရား​မ​ဟုတ်​သော နတ်​ဆိုး၊ မ​သိ​ဖူး​သော​ဘု​ရား၊ ဘိုး​ဘေး​တို့ မ​ကြောက်​ဖူး​သော ဘု​ရား​သစ်​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊

မ​စိုး​ရိမ်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။ အ​ထက်​က ငါ​ဟော​ပြော​ပြ​သ​သည် မ​ဟုတ်​လော။ သင်​တို့​သည် ငါ၏​သက်​သေ ဖြစ်​ကြ၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင် ရှိ​သ​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော​မူ​လ​အ​မြစ်​မ​ရှိ။ တစ်​စုံ​တစ်​ဦး​ကို​မျှ ငါ​မ​သိ။

ထို​သို့​သော​အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို​ခံ​ရ​သည်​ကာ​လ၌ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ပစ်​ကြ​ပြီ။ ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​များ​မ​သိ၊ ယု​ဒ​ရှင်​ဘု​ရင်​များ မ​သိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ ဘု​ရား​တို့​ရှေ့​မှာ၊ ဤ​အ​ရပ်၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​သ​ဖြင့်၊ ဤ​အ​ရပ်​ကို တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ ဖြစ်​စေ​ကြ​ပြီ။ အ​ပြစ်​မ​ရှိ​သော သူ​တို့၏​အ​သွေး​နှင့် ဤ​အ​ရပ်​ကို ပြည့်​စေ​ကြ​ပြီ။

ကြည့်​ရှု​ကြ​လော့။ ယ​နေ့​မှာ ထို​မြို့​ရွာ​တို့​သည်၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​နေ​သော​သူ​တို့​သည် ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​တို့​မ​သိ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ဝတ်​ပြု​သ​ဖြင့်၊ ငါ၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​ကြ​သော​ဒု​စ​ရိုက်​ကြောင့် ဤ​အ​မှု​ရောက်​သ​တည်း။

သူ​တို့​သည် အ​ထက်​က​မှား​ယွင်း​သ​ကဲ့​သို့ နောက်​တစ်​ဖန် နတ်​ဆိုး​တို့​အား​ယဇ်​မ​ပူ​ဇော်​ရ။ ဤ​ပ​ညတ်​သည် သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော် ဖြစ်​သ​တည်း။

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို တော၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​အား​ပူ​ဇော်​ကြ​သ​လော။

ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​ခြင်း​အ​ရာ​မှာ၊ ရုပ်​တု​သည် ဤ​လော​က၌ အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ကို​လည်း​ကောင်း၊ တစ်​ဆူ​တည်း​သော ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့​သိ​ကြ၏။-

သင်​သည် ဝန်​မ​ခံ​ရ။ သူ၏​စ​ကား​ကို နား​မ​ထောင်​ရ။ သူ့​ကို မြင်​သော​အ​ခါ မ​သ​နား​ရ။ နှ​မြော​သ​ဖြင့် ဝှက်၍​မ​ထား​ရ​ဘဲ၊ သူ့​ကို အ​မှန်​သတ်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ လူ​မျိုး​အ​ပေါင်း​တို့​တွင် သင့်​ကို အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သင်​နှင့် သင့်​ဘိုး​ဘေး​တို့​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။

ဘု​ရား​မ​ဟုတ်​သော​အ​ရာ​အား​ဖြင့် ငါ​သည် ငြူ​စူ​သော​စိတ်​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ အ​ချည်း​နှီး​သော​အ​ရာ​အား​ဖြင့် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​ပြီ။ သို့​ဖြစ်၍ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။

ဝိ​ညာဉ်​တော်​သည် အ​တည့်​အ​လင်း ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ နောင်​ကာ​လ၌ ဩ​တ္တ​ပ္ပ​စိတ်​တွင် သံ​ပူ​နှင့်​ခတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ မု​သား​စ​ကား​ကို ပြော​တတ်​သော သူ​တို့၏ လျှို့​ဝှက်​ခြင်း​အား​ဖြင့်၊ လူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​ကို စွန့်​ပယ်၍၊ လှည့်​ဖြား​တတ်​သော စိတ်​ဝိ​ညာဉ်​တို့၌​လည်း​ကောင်း၊ နတ်​ဘု​ရား​တို့​နှင့်​စပ်​ဆိုင်​သော ဩ​ဝါ​ဒ​တို့၌​လည်း​ကောင်း မှီ​ဝဲ​ဆည်း​ကပ်​ကြ​လိမ့်​မည်။-

ထို​ဘေး​ဒဏ်​ကြောင့် မ​သေ​ဘဲ ကြွင်း​သော​လူ​တို့​သည် နတ်​တို့​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​သွား​လာ​နိုင်​သော ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကြေး​နီ​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​တို့​ကို​လည်း​ကောင်း မ​ကိုး​ကွယ်​ဘဲ နေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့် လုပ်​သော အ​ရာ​များ​ကို နောင်​တ​မ​ရ​ဘဲ​နေ​ကြ၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​တို့​ကို ရွေး​ယူ​ကြ၏။ ထို​အ​ခါ သူ​တို့​မြို့​များ​ကို ရန်​သူ​တို့​သည် တိုက်​လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား လေး​သောင်း​တွင် ဒိုင်း​လွှား​တစ်​ခု၊ လှံ​တစ်​စင်း​မျှ မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ