Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 32:14

Judson Bible

သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ နို့​နှင့် နို့​ဓမ်း​ကို​လည်း​ကောင်း၊ ပြင်​ဆင်​သော နွား​သ​ငယ်​ကို​လည်း​ကောင်း​ယူ၍၊ ထို​သူ​တို့​ရှေ့၌​ထည့်​ပြီး​လျှင်၊ သစ်​ပင်​အောက်၊ သူ​တို့​အ​နား​မှာ​ရပ်​နေ၍၊ သူ​တို့​သည်​စား​ကြ၏။

မိ​မိ​မြည်း​ကို​စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း၊ မြည်း​က​လေး​ကို​အ​မြတ်​ဆုံး​သော စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း ချည်​နှောင်​၍၊ မိ​မိ​အ​ဝတ်​ပု​ဆိုး​များ​ကို စ​ပျစ်​သီး​အ​သွေး​တည်း​ဟူ​သော​စ​ပျစ်​ရည်​ဖြင့် လျှော်​လိမ့်​မည်။

ပျား​ရည်၊ နို့​ဓမ်း၊ သိုး၊ ဒိန်​ခဲ​နှင့်​တ​ကွ အိပ်​ရာ၊ လင်​ပန်း၊ မြေ​ခွက်​များ​ကို ဆောင်​ခဲ့​ကြ​သည်။

ထို​သို့ သူ​တို့​သည် ခိုင်​ခံ့​သော​မြို့​များ၊ မြေ​ကောင်း​သော​ပြည်၊ ဥ​စ္စာ​နှင့်​ပြည့်​သော​အိမ်၊ တူး​ပြီး​သော​ရေ​တွင်း၊ များ​ပြား​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အ​သီး​သီး​သော အ​ပင်​တို့​ကို သိမ်း​ယူ၍၊ ဝ​စွာ​စား​သောက်​လျက် အ​သား​ဆူ​ဖြိုး၍ ကျေး​ဇူး​တော်​ကြွယ်​ဝ​ခြင်း၌ မွေ့​လျော်​ကြ၏။

သို့​ရာ​တွင် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပုန်​ကန်​လျက် တ​ရား​တော်​ကို ကျော​နောက်​သို့ ပစ်​ထား​ကြ၏။ အ​ထံ​တော်​သို့ ပြန်​လာ​စေ​ခြင်း​ငှာ၊ ဆုံး​မ​သော ကိုယ်​တော်၏​ပ​ရော​ဖက်​တို့​ကို သတ်၍ အ​လွန်​ပြစ်​မှား​ခြင်း​ကို ပြု​ကြ၏။

အ​သွယ်​သွယ်​သော​မြစ်၊ နို့​နှင့် ပျား​ရည်​စီး​သော​မြစ်​တို့​ကို မ​မြင်​ရ။

ထို​အ​ခါ ငါ​သွား​သော​လမ်း၌ နို့​ရည်​စီး​လေ၏။ ကျောက်​ခဲ​သည်​လည်း ငါ့​အ​ဖို့ ဆီ​ကို​သွန်း​လောင်း​လေ၏။

သင်၏ ပြည်​စွန်း​ပြည်​နား​မှာ အ​မှု​အ​ရေး​ကို​ငြိမ်း​စေ၍၊ အ​ကောင်း​ဆုံး​သော​စ​ပါး​နှင့် သင့်​ကို​ဝ​စွာ ကျွေး​မွေး​တော်​မူ၏။

နွား​လား​ဥ​သ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း၍၊ အား​ကြီး​သော ဗာ​ရှန်​ဥ​သ​ဘ​တို့​သည် ဝန်း​ရံ​လျက် နေ​ကြ​ပါ၏။

အ​ကောင်း​ဆုံး​သော​ဆန်​စ​ပါး​နှင့် ငါ​ကျွေး​မည်။ ကျောက်​ထဲ​က​ထွက်​သော ပျား​ရည်​နှင့်​လည်း ဝ​ပြော​စေ​မည်။

ထို​သူ​သည် မ​ကောင်း​သော​အ​ရာ​ကို​ပယ်၍၊ ကောင်း​သော​အ​ရာ​ကို ရွေး​ယူ​တတ်​သည်​တိုင်​အောင်၊ နို့​ဓမ်း​နှင့်​ပျား​ရည်​ကို စား​ရ​လိမ့်​မည်။

သူ​တို့၌ များ​စွာ​သော နို့​ကို​ရ​သ​ဖြင့် နို့​ဓမ်း​ကို​စား​ရ၏။ ပြည်၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​သည် ထော​ပတ်​နှင့်​ပျား​ရည်​ကို​သာ စား​ရ​ကြ​လိမ့်​မည်။

သင်​တို့​သည် အား​ကြီး​သော​သူ​တို့၏​အ​သား၊ လော​ကီ​မင်း​တို့၏​အ​သွေး၊ ဗာ​ရှန်​ပြည်၌ ဆူ​အောင်​ကျွေး​သော သိုး​ထီး၊ ဆိတ်​ထီး၊ နွား​လား​ဥ​သ​ဘ​တို့၏ အ​သား​အ​သွေး​ကို သောက်​စား​ရ​ကြ​လိမ့်​မည်။

လူ​ကို ဆွဲ​တတ်​သော ကြိုး​တည်း​ဟူ​သော မေ​တ္တာ​ကြိုး​နှင့် ငါ​ဆွဲ​ငင်၏။ ပါး​ရိုး​အ​နား​သို့ ထမ်း​ပိုး​ကို​ရွှေ့၍ ဖြည်း​ညင်း​စွာ ကျွေး၏။

ဆင်း​ရဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​လျက်၊ ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​လျက်၊ မိ​မိ​သ​ခင်​တို့​အား ငါ​တို့​သောက်​ဖို့​ယူ​ခဲ့​ကြ​ဟု ဆို​တတ်​လျက်၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ​နေ​သော ဗာ​ရှန်​နွား​တို့၊ ဤ​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။

ကိုယ်​တော်၏ လူ​တည်း​ဟူ​သော အ​ပေါင်း​အ​ဖော်​မ​ရှိ​ဘဲ၊ တော​တွင် က​ရ​မေ​လ​တောင်​ပေါ်​မှာ နေ​ရ​သော အ​မွေ​တော်​သိုး​စု​ကို သိုး​ထိန်း​နှင်​တံ​နှင့် ထိန်း​တော်​မူ​ပါ။ ရှေး​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ဗာ​ရှန်​ပြည်​နှင့် ဂိ​လဒ်​ပြည်၌ ကျက်​စား​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။

ဣ​သ​ရေ​လ​အ​မျိုး​သား​ရွေး၍ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​မျှ အ​ကောင်း​ဆုံး​သော​ဆီ၊ အ​ကောင်း​ဆုံး​သော​စ​ပျစ်​ရည်၊ အ​ကောင်း​ဆုံး​သော​ဂျုံ​စ​ပါး​ကို သင်​တို့​အား​ငါ​ပေး​ပြီ။

သင်​သည် ဥ​စ္စာ​ကြွယ်​ဝ​သော​အ​ခါ၊ ဝမ်း​မြောက်​ရွှင်​လန်း​သော​စိတ်​နှင့် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို မ​ဆောင်​မ​ရွက်​သော​ကြောင့်၊

မြို့​ပြင်၌ နယ်​ရာ​တန်​ဆာ​ကို ဖိ​နင်း၍ အ​သွေး​သည် တစ်​ဆယ်​ခြောက်​ယူ​ဇ​နာ​ခ​ရီး တစ်​လျှောက်​လုံး၌ မြင်း​ဇက်​ကြိုး​ကို မီ​သည်​တိုင်​အောင် နယ်​ရာ​တန်​ဆာ​ထဲ​က ထွက်​လေ၏။

ထို​သူ​သည် ရေ​ကို​တောင်း၍ ယေ​လ​သည် နို့​ကို​ပေး၏။ မင်း​သုံး​သော ဖ​လား​နှင့် နို့​ဓမ်း​ကို ဆက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ