Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 31:7

Judson Bible

တစ်​ဖန် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​တို့​အား​ပေး​ခြင်း​ငှာ၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်​သည် သူ​တို့​နှင့်​အ​တူ​သွား၍ အ​မွေ​ခံ​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး၊ ငါ​တို့​ဘု​ရား​သ​ခင့်​မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊

မြေ​ကြီး​သား​အ​ပေါင်း​တို့၏​သွား​ရာ​လမ်း​သို့ ငါ​သွား​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​လော့။ ယောက်ျား၏ ဂုဏ်​သ​တ္တိ​ရှိ​လော့။

ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သ​တိ​ပြု​လျှင် အ​ကြံ​ထ​မြောက်​ရ​လိမ့်​မည်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ စိုး​ရိမ်​ခြင်း၊ စိတ်​ပျက်​ခြင်း မ​ရှိ​စေ​နှင့်။

အ​လွန်​ချစ်​အပ်​သော​သူ၊ မ​ကြောက်​နှင့်။ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ အား​ရှိ​လော့။ ခွန်​အား​နှင့်​ပြည့်​စုံ​လော့​ဟု ဆို၏။ ထို​သို့​ဆို​ပြီး​မှ ခွန်​အား​ကို​ငါ​ရ၍၊ အ​ကျွန်ုပ်၏​သ​ခင်၊ မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​ခွန်​အား​ပေး​တော်​မူ​ပြီ​ဟု လျှောက်၏။

ထို​မြေ​သည် ကောင်း​သ​လော၊ မ​ကောင်း​လော။ တော​များ​သ​လော၊ နည်း​သ​လော​ဟု ကြည့်​ရှု​ကြ​လော့။ ရဲ​ရင့်​သော​စိတ် ရှိ​ကြ​လော့။ သစ်​သီး​အ​ချို့​ကို​လည်း ယူ​ခဲ့​ကြ​လော့​ဟု မှာ​လိုက်​လေ၏။ ထို​ကာ​လ​သည် စ​ပျစ်​သီး​မှည့်​စ ကာ​လ​ဖြစ်​သ​တည်း။

ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ သူ့​ကို​ထား၍ မှာ​ခဲ့​လော့။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-

သင့်​လက်​ထောက် နုန်၏​သား​ယော​ရှု​သည် ဝင်​စား​ရ​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​မွေ​ခံ​စေ​မည့်​သူ​ဖြစ်​သော​ကြောင့်၊ သူ့​ကို​အား​ပေး​လော့။

ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့်၊ သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ကို ကြီး​စွာ​သော​ခွန်​အား​နှင့် ဝင်​စား​မည်​အ​ကြောင်း၊

သို့​ရာ​တွင် ယော​ရှု​ကို​မှာ​ခဲ့၍ အား​ပေး​လော့။ မ​စ​ထောက်​ပင့်​လော့။ သူ​သည် ဤ​လူ​မျိုး​ရှေ့​မှာ​သွား၍၊ သင်​မြင်​ရ​သော​ပြည်​ကို အ​မွေ​ခံ​စေ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ထို​သီ​ချင်း​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​အ​မျိုး​အ​နွယ်​သည် နှုတ်​ကျက်​မ​မေ့​လျော့​ရ။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ငါ​ဆောင်၍​မ​သွင်း​မီ၊ ယ​ခု​ပင် သူ​တို့​ကြံ​စည်​သော အ​ကြံ​အ​စည်​ကို​ငါ​သိ၏​ဟု မိန့်​တော်​မူ၏။

တစ်​ဖန် နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆောင်​သွင်း​ရ​မည်။ ငါ​သည် သင်​နှင့်​အ​တူ​ရှိ​မည်​ဟု မှာ​ထား​တော်​မူ၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှာ​ကူး၍၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့​ကို ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ကို သင်​တို့​ဝင်​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ ယော​ရှု​သည်​လည်း သင်​တို့​ရှေ့​မှာ ကူး​ရ​လိမ့်​မည်။

အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘု​ရား​သ​ခင်​ဖြစ်၍ သင်​တို့​နှင့်​အ​တူ ကိုယ်​တိုင်​ကြွ​တော်​မူ မည်။ သင်​တို့​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ​ဟု ဟော​ပြော၏။

သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။

အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကို သင်​သည် ဤ​လူ​တို့​အား​ဝေ၍ အ​မွေ​ပေး​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ