တရားဟော 31:12Judson Bibleယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တစ်ပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသော ပရောဖက်ဟဂ္ဂဲ စကားကိုလည်းကောင်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။
ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးခြင်းအလိုငှာ၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားခဲ့သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီးအမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာနှစ်ဖက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တစ်ကျွန်းနိုင်ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတစ်ဝက်၊ ဧဗလတောင်ပေါ်မှာ တစ်ဝက်တို့သည် နေကြလျှင်၊