Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 30:9

Judson Bible

သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို​နား​ထောင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို၊ စွန့်​ပစ်​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်၏​မြေ​ကို၊ လူ​ဆိတ်​ညံ​သော​မြေ​ဟူ၍​လည်း​ကောင်း နောက်​တစ်​ဖန် မ​ခေါ်​ရ။ သင်​သည် ငါ​နှစ်​သက်​သော​သူ၊ သင်၏​မြေ​သည် လက်​ထပ်​သော​မြေ​ဟူ​သော​အ​မည်​ကို ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှစ်​သက်​တော်​မူ၏။ သင်၏​မြေ​ကို​လည်း လက်​ထပ်​ရ​လိမ့်​မည်။

လူ​ပျို​သည် အ​ပျို​က​ညာ​နှင့် လက်​ထပ်​သ​ကဲ့​သို့၊ သင်၏​သား​တို့​သည် သင်​နှင့် လက်​ထပ်​ကြ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး၌ ဝမ်း​မြောက်​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၌​ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

ငါ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကြောင့် ဝမ်း​မြောက်​မည်။ ငါ၏​လူ​တို့​ကြောင့် ရွှင်​လန်း​မည်။ ထို​မြို့၌ ငို​ကြွေး​သံ​နှင့် အော်​ဟစ်​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်၌ လူ​မျိုး​စေ့​နှင့် တိ​ရ​စ္ဆာန်​မျိုး​စေ့​ကို ကြဲ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။

ငါ​သည် သူ​တို့​ကို နုတ်​ပယ်​ဖြို​ချ မှောက်​လှန်​ဖျက်​ဆီး ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို ပြု​ဖူး​သည်​နည်း​တူ၊ တစ်​ဖန် တည်​ဆောက် စိုက်​ပျိုး​ခြင်း​အ​မှု​ကို ပြု​ဦး​မည်​ဟု မိန့်​တော်​မူ​၏။

သူ​တို့​အား ကျေး​ဇူး​ပြု​ခြင်း​အ​မှု၌ ငါ​သည် အား​ရ​ဝမ်း​မြောက်၍၊ ငါ့​စိတ်​နှ​လုံး​နှင့် နာမ်​ဝိ​ညာဉ် အ​ကြွင်း​မဲ့​ပါ​လျက်၊ သူ​တို့​ကို ဤ​ပြည်၌ ဆက်​ဆက်​နေ​ရာ​ချ​မည်။

ဤ​မြို့​သည် ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြေ​ပေါ်​မှ ခပ်​သိမ်း​သော​လူ​မျိုး​တို့​တွင် ချီး​မွမ်း​စ​ရာ​အ​ကြောင်း၊ ဂုဏ်​အ​သ​ရေ​တော် ကျော်​စော​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ ဤ​မြို့​သား​တို့​အား ငါ​ပြု​သ​မျှ​သော​ကျေး​ဇူး​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​သိ​ကြ​လိမ့်​မည်။ ဤ​မြို့၌ ငါ​ပြု​စု​သ​မျှ​သော စည်း​စိမ်​ချမ်း​သာ​ကို​ထောက်၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်။

အ​ချိန်​တန်​မှ ငါ​သည်​သင်​တို့​အ​ဖို့ မိုး​ရွာ​စေ​သ​ဖြင့်၊ မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဥ​ယျာဉ်​အ​ပင်​တို့​သည် အ​သီး​သီး​ကြ​လိမ့်​မည်။

သင်​တို့​ပြည်၌ စစ်​မှု​ကို​ငါ​ငြိမ်း​စေ၍၊ ခြိမ်း​ခြောက်​သော​သူ​မ​ရှိ​ဘဲ သင်​တို့​သည် အိပ်​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သား​ရဲ​တို့​ကို​လည်း ငါ​ပယ်​ရှား​မည်။ တစ်​ပြည်​လုံး​သည် ဓား​ဘေး​နှင့် ကင်း​လွတ်​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌​ရှိ၍၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သည် သင့်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သင်၌ အား​ရ၍ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ချစ်​ခြင်း​မေ​တ္တာ၌ ကျိန်း​ဝပ်၍၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ သင်၌ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

သင်၏​ညီ​မူ​ကား အ​ထက်​က​သေ၏။ ယ​ခု​ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​တွေ့​ပြန်၏။ ထို​ကြောင့် ပျော်​မွေ့​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း ရှိ၏၊ အ​ဘ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-

သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​ဖွား​သော သား​ငယ်​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။

သင့်​ကို ကျေး​ဇူး​ပြု၍ များ​ပြား​စေ​သော​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား ပျော်​မွေ့​တော်​မူ​သည်​နည်း​တူ၊ တစ်​ဖန် သင့်​ကို​ဖျက်​ဆီး၍ အ​ကျိုး​နည်း​စ​ရာ​အ​မှု၌ ပျော်​မွေ့​တော်​မူ​သ​ဖြင့်၊ သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ထဲ​က သင်​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။

သင်​သည်​ပြန်​လာ​လျက် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်၍၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လိမ့်​မည်။

သင်​သည် လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်၍၊ သင်၌​မြုံ​သော ယောက်ျား​မိန်း​မ​တစ်​ယောက်​မျှ၊ တိ​ရ​စ္ဆာန်​တွင် မြုံ​သော​အ​ထီး​အ​မ တစ်​ကောင်​မျှ​မ​ရှိ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ