Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 30:8

Judson Bible

သင်​သည်​ပြန်​လာ​လျက် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်၍၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

စိတ်​နှ​လုံး​အ​ကြံ​အ​စည်​တို့​သည် လူ​နှင့်​ဆိုင်​ကြ၏။ လျှာ​နှင့် ပြန်​ပြော​ချက်​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။

ယု​ဒ​အ​မျိုး​တို့၌​ပြု​မည်​ဟု ငါ​ကြံ​စည်​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​သည် ကြား​သော​အ​ခါ၊ သူ​တို့ ဒု​စ​ရိုက်​အ​ပြစ်​ကို ငါ​လွှတ်​မည်​အ​ကြောင်း၊ အ​သီး​အ​သီး​လိုက်​ဖူး​သော အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကောင်း ရှောင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ့​ဝိ​ညာဉ်​ကို​လည်း သင်​တို့​အ​ထဲ​သို့ သွင်း​ပေး​သ​ဖြင့်၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့​လိုက်၍၊ ငါ​စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လိမ့်​မည်။

ငါ၏​ကျွန်​ဒါ​ဝိဒ်​သည် သူ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သိုး​ထိန်း​တစ်​ဦး​တည်း ရှိ​ကြ​လိမ့်​မည်။ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တ​ရား​လမ်း​သို့​လိုက်၍ စောင့်​ရှောက်​ကြ​လိမ့်​မည်။

ကိုယ်​တော်၌ ထို​လူ​နှစ်​စု​တို့​ကို လူ​သစ်​တစ်​ဦး တစ်​ကိုယ်​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပြင်​ဆင်၍၊ တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပြီး​သော ထို​လူ​နှစ်​စု​တို့​ကို၊ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် ရန်​ကို သတ်​ဖြတ်​လျက်၊ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​မည်​အ​ကြောင်း​တည်း။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ၍၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​နှင့်​သား​သ​မီး​တို့​သည် စ​ကား​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ နား​ထောင်​လျှင်၊

သင်၏​ရန်​သူ​တည်း​ဟူ​သော သင့်​ကို​မုန်း၍ ညှဉ်း​ဆဲ​သော​သူ​တို့​အ​ပေါ်၌​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျိန်​ခြင်း​အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​ကို သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။

သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို​နား​ထောင်၍၊

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ