သင်၏ရန်သူတည်းဟူသော သင့်ကိုမုန်း၍ ညှဉ်းဆဲသောသူတို့အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့ကို သက်ရောက်စေတော်မူလိမ့်မည်။
အကယ်စင်စစ် သင်သည်သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ရန်သူတို့ကို ငါသည်ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။
သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကိုလက်စသတ်တော်မူပြီးမှ၊ အာရှုရိရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍စီရင်မည်။
အကြောင်းမူကား၊ ငါ၏နာမဖြင့် သမုတ်သောမြို့ကို ငါသည် အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ်အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲ မနေရကြ။ ငါသည် မြေကြီးသားရှိသမျှတို့အဖို့ ဓားကိုမှာလိုက်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
သို့ရာတွင်၊ သင့်ကို ကိုက်စားသောသူအပေါင်းတို့သည် ကိုက်စားခြင်း၊ သင်၏ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။
တစ်ဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှာ၊ ယုဒအမျိုးတစ်ဖက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊
တစ်ဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသောစိတ်အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှာ အပြစ်ဒဏ်ပေးသောကြောင့်၊
ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏သန့်ရှင်းရာဌာနကိုလည်းကောင်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသရေလပြည်ကိုလည်းကောင်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊
သင်သည် ဣသရေလပြည်ကို မနာလိုသောစိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်းကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊
တစ်ဖန် မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုးသည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟုဆိုသောကြောင့်၊
တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကိုကို ဓားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲ အငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှာ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့နှင့် ကြိတ်နယ်သောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှာ သိမ်းသွားသောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သော မိတ်သဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ၍၊ အကုန်အစင် ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။
ထိုကာလအခါ၌လည်း ထိုမြို့ကို လူမျိုးအပေါင်းတို့အား လေးသောကျောက်ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူအပေါင်းတို့သည် ကျိုးပဲ့ကြေမွ ကြလိမ့်မည်။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တစ်ဖက်၌ စုဝေးလျက် ရှိကြလိမ့်မည်။
ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွားတော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီးအားကြားပြောပါမည်ဟု ဗာလက်မင်းအားပြန်ဆိုပြီးမှ၊
ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ခြင်္သေ့မကဲ့သို့လည်းကောင်း ဝပ်တွားလေ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ သင့်ကိုကောင်းချီးပေးသောသူသည် ကောင်းချီးမင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းကိုခံရသည်ဟု မြွက်ဆို၏။
သင်သည်ပြန်လာလျက် ထာဝရဘုရား၏စကားတော်ကို နားထောင်၍၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည်။
ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှတို့ကို သင့်ဆီကပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏အနာဆိုးကို သင်၌စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ အပေါင်းတို့၌ စွဲစေတော်မူမည်။