Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 30:17

Judson Bible

သို့​မ​ဟုတ် သင့်​နှ​လုံး​လွဲ​သွား​သ​ဖြင့်၊ သင်​သည် နား​မ​ထောင်​ဘဲ သူ​တစ်​ပါး သွေး​ဆောင်​ရာ​သို့ လိုက်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​မ​ပြု​ရ။ အ​ကယ်​စင်​စစ်​သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ​နောက်​သို့ သင်​တို့၏​စိတ်​နှ​လုံး​ကို လွဲ​စေ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သော်​လည်း၊ ရှော​လ​မုန်​သည် တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​ကို တပ်​မက်​သော​စိတ်​ရှိ၏။

ဉာဏ်​တိမ်​သော​သူ​တို့​သည် လမ်း​လွဲ​သ​ဖြင့် အ​သက်​ဆုံး​တတ်​ကြ၏။ မိုက်​သော​သူ​တို့​သည် သ​တိ​လစ်​သော​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ၏။

စိတ်​နှ​လုံး​ဖောက်​ပြန်​သော​သူ​ဖြစ်​စေ၊ သူ​တော်​ကောင်း​ဖြစ်​စေ၊ မိ​မိ​အ​ကျင့်​တို့​နှင့် ဝ​လိမ့်​မည်။

သင်​တို့​သည် နောက်​တော်​သို့​မ​လိုက်​ဘဲ လွှဲ​သွား​ကြ​လျှင်၊ တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တော၌​စွန့်​ပစ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် ဤ​လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု ဂဒ်​အ​မျိုး​သား၊ ရု​ဗင်​အ​မျိုး​သား​တို့​အား ပြန်​ပြော၏။

သင်​တို့​သည် မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို​စွဲ၍​လမ်း​မ​လွဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု၊ ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။

သူ၏​စိတ်​နှ​လုံး​သည် ဖောက်​ပြန်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း များ​စွာ​သော မ​ယား​တို့​ကို မ​ယူ​ရ။ ရွှေ​ငွေ​ကို​လည်း များ​စွာ​မ​ဆည်း​ဖူး​ရ။

သင်​သည် အ​သက်​ရှင်၍ တိုး​ပွား​မည်​အ​ကြောင်း​နှင့် သင်​ဝင်​စား​လ​တ္တံ့​သော​ပြည်၌၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​သ​ဖြင့် နောက်​တော်​သို့​လိုက်၍၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု ငါ​မှာ​ထား၏။

ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ အ​သက်​တာ​မ​ရှည်၊ ဧ​ကန်​အ​မှန် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သ​တိ​ပေး၏။

သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ၊ ဒ​ဏ္ဏာ​ရီ​စ​ကား​ကို နား​ထောင်၍ လွဲ​သွား​ကြ​လိမ့်​မည်။-

သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​သွား​သော​အား​ဖြင့် မ​ယုံ​ကြည်​တတ်၊ ဆိုး​ညစ်​သော စိတ်​နှ​လုံး​မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-

ထို​မင်း​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ရှိ​ရာ ဂိ​လဒ်​ပြည်​သို့​ရောက်၍၊

ကျေး​ဇူး​မ​ပြု မ​ကယ်​တင်​နိုင်၊ အ​ချည်း​နှီး​ဖြစ်​သော အ​ရာ​တို့​နောက်​သို့ လမ်း​လွှဲ၍ မ​လိုက်​ကြ​နှင့်။ ထို​သို့​သော​အ​ရာ​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်၏။

သို့​မ​ဟုတ် သင်​တို့​သည် ဒု​စ​ရိုက်​ပြု​မြဲ​ပြု​လျှင်၊ ရှင်​ဘု​ရင်​နှင့်​တ​ကွ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ