Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 30:1

Judson Bible

သင့်​ရှေ့၌ ငါ​ထား၍ အ​ထက်​ဆို​ခဲ့​ပြီး​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​နှင့် ကျိန်​ခြင်း​အ​မင်္ဂ​လာ​တို့​သည် သင့်​အ​ပေါ်​မှာ​ရောက်၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှင်​ထုတ်​တော်​မူ​ရာ အ​ပြည်​ပြည်​တို့၌ ထို​အ​ရာ​တို့​ကို​အောက်​မေ့​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ကို မြေ​ကြီး​ပြင်​မှ ယ​နေ့​နှင်​ထုတ်​တော်​မူ​ပြီ၊ မျက်​နှာ​တော်​ကို​လည်း မ​မြင်​ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ​ဖြစ်​ပါ​ရ​မည်။ တွေ့​သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ဆို​၏။

ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့ တစ်​ဖန်​ပို့​ဆောင်​တော်​မူ​ပါ။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ သင်​တို့၏​ညီ​အစ်​ကို သား​သ​မီး​တို့​သည် သိမ်း​သွား​သော​သူ​တို့​ထံ​မှာ၊ က​ရု​ဏာ​စိတ်​နှင့် တွေ့​ကြုံ၍၊ ဤ​ပြည်​သို့ တစ်​ဖန် ပြန်​လာ​ကြ​လိမ့်​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ သ​နား​တတ်​သော​သ​ဘော​ရှိ​သော​ကြောင့်၊ သင်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ​လျှင်၊ မျက်​နှာ​တော်​ကို သင်​တို့​မှ လွှဲ​တော်​မ​မူ​ဟု စာ၌​ပါ​သ​တည်း။

တစ်​ဖန် ငါ့​ထံ​သို့ ပြန်​လာ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​ပြန်​လျှင်၊ မိုး​ကောင်း​ကင်​အောက် အ​ဝေး​ဆုံး​သော​အ​ရပ်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​ရပ်​က ငါ​သိမ်း​ယူ၍၊ ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ချယ်​သော​အ​ရပ်​သို့ ဆောင်​ခဲ့​မည်​ဟု ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ​ပါ။

အို ဖောက်​ပြန်​သော​သူ​တို့၊ ဤ​အ​မှု​ကို အောက်​မေ့၍ ယောက်ျား​ဂုဏ်​ကို ပြ​ကြ​လော့။ သ​တိ​နှင့် ဆင်​ခြင်​ကြ​လော့။

ငါ​သည်​လည်း၊ သင်​တို့​အ​တွေ့​ကို​ခံ​မည်။ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ငါ​သည်​ဖြေ​ရှင်း​ခြင်း​ငှာ၊ တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်​တို့​မှ သင်​တို့​ကို ငါ​စု​သိမ်း​ပြီး​လျှင်၊ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ရှုံး​သော​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သင်​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​တွေ့​သော ဧည့်​သည်​တို့​နှင့် မှား​ယွင်း​သော​အ​ပြစ်​ရှိ​ကြောင်း​ကို ဝန်​ချ​ရုံ​မျှ​သာ ပြု​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​နှင်​လိုက်​ရာ အ​ရပ်​ရပ်၌​ကျန်​ကြွင်း၍၊ ဆိုး​ယုတ်​သော ဤ​အ​မျိုး​သား​တို့​သည် အ​သက်​ကို အ​လို​မ​ရှိ။ သေ​ခြင်း​ကို အ​လို​ရှိ၍ ရွေး​ချယ်​ရ​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ပြု​မိ​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​တို့​ကို ဆင်​ခြင်၍ ရှောင်​သော​ကြောင့်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။

ငါ့​ကို​စွန့်​ပစ်၍ မှား​ယွင်း​တတ်​သော နှ​လုံး​ကို​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​နှင့် မှား​ယွင်း​လို​သ​ဖြင့် လိုက်၍​ကြည့်​သော မျက်​စိ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ဖျက်​သော​အ​ခါ၊ လွတ်​သော​သူ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ အ​ပြည်​ပြည်​တို့၌ ငါ့​ကို​အောက်​မေ့​ကြ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် မျိုး​စေ့​ကဲ့​သို့ ငါ​ကြဲ​သ​ဖြင့်၊ ဝေး​သော​ပြည်၌ ငါ့​ကို​အောက်​မေ့၍၊ သား​မြေး​တို့​နှင့်​တ​ကွ အ​သက်​ရှင်​လျက် ပြန်​လာ​ကြ​လိမ့်​မည်။

ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။-

ရူး​သော​အ​နာ၊ မျက်​စိ​ကန်း​သော​အ​နာ၊ မိန်း​မော​တွေ​ဝေ​သော​အ​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ၍၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ လူ​မျိုး​အ​ပေါင်း​တို့​တွင် သင့်​ကို အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သင်​နှင့် သင့်​ဘိုး​ဘေး​တို့​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။

ဤ​မည်​သော​ကျမ်း​စာ၌ ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​ကို ဤ​ပြည်၌ သင့်​ရောက်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်​သ​ဖြင့်၊

ပြင်း​စွာ​သော ဒေါ​သ​အ​မျက် အ​ရှိန်​အား​ကြီး​လျက် သူ​တို့​ပြည်​ထဲ​က သူ​တို့​ကို​နုတ်​ပယ်၍၊ ယ​နေ့​တိုင်​အောင် အ​ခြား​တစ်​ပါး​သော​ပြည်​သို့ နှင်​ထုတ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ​လိမ့်​မည်။

ကြည့်​ပါ​တော့၊ အ​သက်​ရှင်​ခြင်း​ချမ်း​သာ​နှင့် သေ​ခြင်း​ဆင်း​ရဲ​တို့​ကို သင့်​ရှေ့​မှာ ယ​နေ့​ငါ​ထား၏။

အ​သက်​ရှင်​ခြင်း၊ သေ​ခြင်း၊ ကောင်း​ချီး​ပေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို သင့်​ရှေ့၌ ငါ​ထား​သည်​ဟု သင့်​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​မည်။ ကိုယ်​တော်၏ ကျွန်​တို့​သည် တန်​ခိုး​ကုန်​ကြောင်း၊ အ​ချုပ်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ကြောင်း​ကို မြင်​သော​အ​ခါ၊ သူ​တို့​အ​မှု​ကြောင့် နောင်​တ​ရ​တော်​မူ​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ