Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 3:28

Judson Bible

သို့​ရာ​တွင် ယော​ရှု​ကို​မှာ​ခဲ့၍ အား​ပေး​လော့။ မ​စ​ထောက်​ပင့်​လော့။ သူ​သည် ဤ​လူ​မျိုး​ရှေ့​မှာ​သွား၍၊ သင်​မြင်​ရ​သော​ပြည်​ကို အ​မွေ​ခံ​စေ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ရှော​လု​မုန်​ကို​လည်း​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​ရ​မည်​အ​ကြောင်း မှာ​ထား​လေ​သည်​မှာ၊

သား​တော်​ရှော​လ​မုန်​အား​လည်း၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှင့် လုပ်​ဆောင်​လော့။ မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ လုပ်​ဆောင်၍ လက်​စ​မ​သတ်​မီ​တိုင်​အောင် သင့်​ကို စွန့်​တော်​မ​မူ။ ပစ်​ထား​တော်​မ​မူ။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

နောက်​ကျ​သော ငါ​တို့​အ​ဘ​များ​သည် ထို​တဲ​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့ ပိုင်​သော မြေ​ထဲ​သို့ ယော​ရှု​နှင့်​အ​တူ ဆောင်​သွင်း​ကြ၏။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင်​အောင် ငါ​တို့​အ​ဘ​များ​ထံ​မှ နှင်​ထုတ်​တော်​မူ၏။-

သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လည်း​အ​မျက်​တော်​ထွက်၍၊ သင်​သည် ထို​ပြည်​သို့​မ​ဝင်​စား​ရ။

သင့်​လက်​ထောက် နုန်၏​သား​ယော​ရှု​သည် ဝင်​စား​ရ​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​မွေ​ခံ​စေ​မည့်​သူ​ဖြစ်​သော​ကြောင့်၊ သူ့​ကို​အား​ပေး​လော့။

တစ်​ဖန် နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆောင်​သွင်း​ရ​မည်။ ငါ​သည် သင်​နှင့်​အ​တူ​ရှိ​မည်​ဟု မှာ​ထား​တော်​မူ၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှာ​ကူး၍၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့​ကို ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ကို သင်​တို့​ဝင်​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ ယော​ရှု​သည်​လည်း သင်​တို့​ရှေ့​မှာ ကူး​ရ​လိမ့်​မည်။

တစ်​ဖန် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​တို့​အား​ပေး​ခြင်း​ငှာ၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်​သည် သူ​တို့​နှင့်​အ​တူ​သွား၍ အ​မွေ​ခံ​စေ​ရ​မည်။

ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။-

ငါ၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​လေ​ပြီ။ သို့​ဖြစ်၍၊ သင်​နှင့် သင်၌​ပါ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယ​ခု​ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ဝင်​စား​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ