Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 29:22

Judson Bible

သူ့​နေ​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

ဤ​မြို့​ကို​လည်း လူ​ဆိတ်​ညံ​ရာ၊ ကဲ့​ရဲ့​သံ​ကို ကြား​ရာ​အ​ရပ် ဖြစ်​စေ​မည်။ လမ်း၌ လျှောက်​သွား​သ​မျှ​သော သူ​တို့​သည် ဤ​မြို့​ခံ​ရ​သော ဘေး​အ​လုံး​စုံ​တို့​ကို မြင်​သော​အ​ခါ၊ အံ့​ဩ၍ ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​မ​ရ၊ ဖျက်​ဆီး​တော်​မူ​သော​မြို့​တို့​ကဲ့​သို့၊ ထို​သူ​သည်​ဖြစ်​ပါ​စေ​သော။ နံ​နက်​အ​ချိန်၌ ကြွေး​ကြော်​သံ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ အော်​ဟစ်​သံ​ကို​လည်း​ကောင်း ကြား​ပါ​စေ​သော။

ဧ​ဒုံ​ပြည်​သည်​အံ့​ဩ​ရာ​ဖြစ်၍၊ လျှောက်​သွား​သော​သူ​တိုင်း အံ့​ဩ​ကြ​လိမ့်​မည်။ သူ​ခံ​ရ​သော ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​ကြောင့် ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော​မြို့​တို့၏ ပျက်​စီး​ခြင်း​ကဲ့​သို့ ဖြစ်၍၊ ဧ​ဒုံ​ပြည်၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကြောင့် နောက်​တစ်​ဖန်​လူ​မ​နေ​ရ။ ဆိတ်​ညံ​သော​အ​ရပ် သက်​သက်​ဖြစ်​ရ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​နား​မှာ ရောက်​သွား​သော​သူ​တိုင်း အံ့​ဩ၍၊ သူ​ခံ​ရ​သော​ဘေး​ဥ​ပဒ်​ကို​ထောက်​လျက်၊ ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။

အို ဧ​ဖ​ရိမ်၊ ငါ​သည် သင့်​ကို အ​ဘယ်​သို့ စွန့်​နိုင်​မည်​နည်း။ အို ဣ​သ​ရေ​လ၊ သင့်​ကို အ​ဘယ်​သို့ အပ်​နှံ​နိုင်​မည်​နည်း။ သင့်​ကို အာ​ဒ​မာ​မြို့​ကဲ့​သို့ အ​ဘယ်​သို့​ဖြစ်​စေ​နိုင်​မည်​နည်း။ ဇေ​ဘိုင်​မြို့​အ​ရာ၌ အ​ဘယ်​သို့ ခန့်​ထား​နိုင်​မည်​နည်း။ ငါ​သည် နှ​လုံး​ပြောင်း​လဲ၍ အ​လွန် ကြင်​နာ​သော​စိတ်​ရှိ၏။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​နှင့် အ​မ္မုန်​ပြည်​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဆူး​ပင်​ပေါက်​သော​အ​ရပ်၊ ဆား​ချက်​ဖို့ မြေ​တူး​ရာ​အ​ရပ်၊ အ​စဉ်​အ​မြဲ ပျက်​စီး​ရာ​အ​ရပ် ဖြစ်၍၊ ကျန်​ကြွင်း​သော ငါ၏​လူ၊ ငါ၏​အ​မျိုး​သား​တို့​သည် လု​ယူ​သိမ်း​စား​ကြ​လိမ့်​မည်။

အ​ကြင်​မြေ​သည် ဆူး​ပင်​အ​မျိုး​မျိုး​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ပြု​စု​ခြင်း​ကို​မ​ခံ​ထိုက်။ ကျိန်​ခြင်း​ကို ခံ​ရ​သော အ​ချိန်​နီး​သည် ဖြစ်၍၊ နောက်​ဆုံး၌ မီး​ရှို့​ခြင်း​သို့ ရောက်​တတ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ