Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 29:21

Judson Bible

ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော ပ​ဋိ​ညာဉ် အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​နှင့်​အ​ညီ၊ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ပြစ်​ပေး​ဖို့​ရာ ခွဲ​ထား​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ၀​ရ​ဘု​ရား​သ​ခင်​မိ​န့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့ အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို ငါ​သွန်း​လောင်း​သည်​နည်း​တူ၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့၀င်​သော​အ​ခါ၊ သင်​တို့​အ​ပေါ်​သို့ သွန်း​လောင်း​သ​ဖြ​င့်၊ သင်​တို့​သည် ဆဲ​ရေး​ခြင်း၊ အံ့​သြ​ခြင်း၊ ကျိန်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ဖို့​ရာ ဖြစ်​လိ​မ့်​မည်။ ဤ​အ​ရပ်​ကို နောက်​တစ်​ဖန် မ​မြင်​ရ။

အ​ချည်း​နှီး​သော​အ​ရာ​ကို​မြင်၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​သော ပ​ရော​ဖက်​တို့​ကို ငါ​ဆီး​တား​သ​ဖြင့်၊ သူ​တို့​သည် ငါ၏​ပ​ရိ​သတ်​စည်း​ဝေး​ရာ​သို့ မ​ဝင်​ရ​ကြ။ ဣ​သ​ရေ​လ​အ​မျိုး၏​စာ​ရင်း၌ သူ​တို့​အ​မည်​ကို မ​သွင်း​ရ။ ဣ​သ​ရေ​လ​ပြည်၌ နေ​ရာ​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။

ထို​ကျွန်​ကို ပြင်း​ပြ​စွာ ကွပ်​မျက်​ဆုံး​မ၍၊ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ​အ​ရပ်၌ လျှို့​ဝှက်​သော သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။

ရှေ့​တော်၌ လူ​မျိုး​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​သ​ဖြင့်၊ သိုး​ထိန်း​သည် သိုး​နှင့် ဆိတ်​တို့​ကို တ​ခြား​စီ​ခွဲ​ထား​သ​ကဲ့​သို့၊ လူ​အ​ပေါင်း​တို့​ကို အ​သီး​အ​ခြား​ခွဲ၍၊-

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-

ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​ခံ​ရ​သော​ဘေး၊ သင့်​အ​မျိုး​အ​နွယ် ခံ​ရ​သော​ဘေး​တို့​ကို အံ့​ဩ​ဖွယ်​သော​ဘေး၊ အ​လွန်​ကြီး၍ မြဲ​မြံ​သော​ဘေး၊ အ​လွန်​ပြင်း၍ မြဲ​မြံ​သော​ရော​ဂါ​ဝေ​ဒ​နာ ဖြစ်​စေ​တော်​မူ​မည်။

ထို​မှ​တစ်​ပါး၊ ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး၍​မ​ထား​သော အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​ကို သင်​သည်​မ​ပျက်​စီး​မီ​တိုင်​အောင်၊ သင့်​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား သက်​ရောက်​စေ​တော်​မူ​မည်။

ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ပြန်​လာ​လျှင်​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌ အောင်​မည်​အ​ကြောင်း​နှင့် သင်၏​သား​သ​မီး၊ တိ​ရ​စ္ဆာန်၊ အ​သီး​အ​နှံ​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း​ကို စီ​ရင်၍ သင့်​အ​ကျိုး​ကို ပြု​စု​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့၌ အား​ရ​ဝမ်း​မြောက်​သ​ကဲ့​သို့ သင်၌​အား​ရ​ဝမ်း​မြောက်၍၊ သင့်​အ​ကျိုး​ကို ပြု​စု​တော်​မူ​လိမ့်​မည်။

သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​များ​ကို​ငါ​ပို့​မည်။ ငါ့​မြား​တို့​ကို အ​ကုန်​အ​စင်​ပစ်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ