Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 28:7

Judson Bible

သင့်​တစ်​ဖက်၌​ထ​သော ရန်​သူ​တို့​ကို သင့်​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခံ​စေ​တော်​မူ​မည်။ သူ​တို့​သည် တစ်​လမ်း​တည်း​ဖြင့် သင်​ရှိ​ရာ​သို့​လာ​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သင့်​ရှေ့​မှ​ပြေး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မိုး​မ​လင်း​မီ​ထ၍ ရှု​ရိ​တပ်​သို့​သွား​ကြ၏။ တပ်​ဦး​သို့ ရောက်​သော​အ​ခါ အ​ဘယ်​သူ​ကို​မျှ မ​တွေ့​ကြ။

ထို​နောက်၊ ယော​ရှ​ဖတ်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၏။ တစ်​ဖန် ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍၊ ဧ​ဖ​ရိမ်​တောင်​တိုင်​အောင် လှည့်​လည်​သ​ဖြင့်၊ ပြည်​သား​တို့​ကို ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​စေ​တော်​မူ၏။

သူ​တို့​သည် အ​ကျွန်ုပ်​ခြေ​အောက်​မှာ​လဲ​လျက်​ရှိ၍ မ​ထ​နိုင်​အောင် အ​ကျွန်ုပ်​သည်​နှိပ်​နင်း​ပါ၏။

သူ၏​ရန်​သူ​တို့​ကို သူ့​ရှေ့​မှာ ငါ​နှိပ်​စက်၍၊ သူ့​ကို​မုန်း​သော သူ​တို့​ကို ဒဏ်​ခတ်​မည်။

သင်၏​ရန်​သူ​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဒဏ်​ပေး​တော်​မူ​မည်။ သင်​သည် တစ်​လမ်း​တည်း​ဖြင့် သူ​တို့​ရှိ​ရာ​သို့​သွား​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သူ​တို့​ရှေ့​မှ​ပြေး၍ မြေ​ပေါ်​မှာ​ရှိ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ပြောင်း​သွား​ရ​လိမ့်​မည်။

မိ​မိ​အိမ်​ထဲ​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ ပြင်​သို့​ထွက်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်။

သင်၏​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​ပေါ်​မှာ မင်္ဂ​လာ​ရောက်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​မည်။

သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ​သော​ကြောင့်၊ ထို​ပြည်​များ​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို တစ်​ခါ​တည်း​အောင်​လေ၏။

သင်​တို့​တစ်​ယောက်​သော်​လည်း အ​ခြား​သော​သူ​တစ်​ထောင်​ကို ပြေး​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ၏။

အ​ခြား​သော​သူ​တို့​သည်​လည်း မြို့​ထဲ​က​ထွက်၍ တိုက်​သော​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​ဣ​လူ​တို့​ကို ညှပ်၍​တိုက်​သ​ဖြင့် တစ်​ယောက်​ကို​မျှ​မ​လွှတ် မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ