Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 28:54

Judson Bible

သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဆင်း​ရဲ​သား​မူ​ကား၊ မိ​မိ​ဝယ်၍ မွေး​စား​သော​သိုး​မ​က​လေး တစ်​ကောင်​တည်း​မှ​တစ်​ပါး တ​ခြား​သော​ဥ​စ္စာ​မ​ရှိ​ပါ။ ထို​သိုး​မ​က​လေး​သည် အ​ရှင်​နှင့်​လည်း​ကောင်း၊ အ​ရှင်၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း ပေါင်း၍ ကြီး​ပွား၏။ အ​ရှင်၏​အ​စာ​ကို စား​တတ်၏။ အ​ရှင်၏​ရေ​ခွက်၌ သောက်​တတ်၏။ အ​ရှင်၏​ရင်​ခွင်၌​အိပ်၍ သ​မီး​ကဲ့​သို့​ဖြစ်၏။

အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။

မ​နာ​လို​သော​သူ၏ အ​စာ​ကို မ​စား​နှင့်။ သူ၏​ခဲ​ဖွယ်​စား​ဖွယ်​ကို အ​လို​မ​ရှိ​နှင့်။

ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​သည် မ​နာ​လို​သော​သ​ဘော​ရှိ​တတ်၏။ နောက်​တစ်​ဖန် ဆင်း​ရဲ​ခြင်း​သို့ ရောက်​မည်​ဟု မ​အောက်​မေ့​တတ်။

မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။

အ​ဆွေ​ခင်​ပွန်း​ကို မ​ယုံ​နှင့်။ လမ်း​ပြ​သော​သူ​ကို အ​မှီ​မ​ပြု​နှင့်။ သင့်​ရင်​ခွင်၌ အိပ်​သော​မ​ယား​ကို မ​ယုံ​မူ၍၊ သင့်​နှုတ်​တံ​ခါး​ကို ပိတ်​ထား​လော့။

သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ နူး​ညံ့​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။-

ငါ​သည် ကိုယ်​ဥ​စ္စာ​ကို ပြု​လို​သ​မျှ​မ​ပြု​ရာ​သ​လော။ ငါ့​သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မျက်​မုန်း​ကြိုး​ရ​သ​လော​ဟု ဆို​လေ၏။-

သင်၏​ညီ​အစ်​ကို​ရင်း၊ သင်၏​သား​သ​မီး၊ သင်၏​ရင်​ခွင်၌​နေ​သော​မ​ယား၊ ကိုယ်​ကဲ့​သို့​မှတ်​တတ်​သော အ​ဆွေ​ခင်​ပွန်း တစ်​စုံ​တစ်​ယောက်​က၊ သွား​ကြ​စို့။ သင်​လည်း မ​သိ၊ ဘိုး​ဘေး​တို့​လည်း​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊

သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။

ထို​သို့​ဝိုင်း​ထား၍ ရန်​သူ​သည် ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ ကိုယ်​ရင်​သွေး​တည်း​ဟူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော သား​သ​မီး​တို့၏ အ​သား​ကို သင်​စား​ရ​လိမ့်​မည်။

အ​လွန်​နူး​ညံ့​သိမ်​မွေ့​သော ယောက်ျား​သည် စား​စ​ရာ အ​လျှင်း မ​ကျန်​ကြွင်း​သော​ကြောင့်၊ မိ​မိ​သား​သ​မီး၏ အ​သား​ကို စား​ရ​သော်​လည်း၊ မိ​မိ​ညီ​အစ်​ကို၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော​မ​ယား ကျန်​ကြွင်း​သေး​သော သား​သ​မီး​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ ထို​အ​သား​ကို သူ​တို့​အား​မ​ဝေ​မ​ပေး​ဘဲ စား​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ