စပျစ်ဥယျာဉ်တို့ကို စိုက်၍ပြုစုသော်လည်း၊ ပိုးများကိုက်စားသောကြောင့် ကိုယ်တိုင်စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။
စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သောအသီးကိုလည်းကောင်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကိုလည်းကောင်း ချွေရလိမ့်မည်။
အကြောင်းမူကား၊ စပျစ်ဥယျာဉ်တစ်ပယ်သည် စပျစ်ရည်တစ်ဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဖို့တွင် တစ်ဖို့ကိုမျှသာရကြလိမ့်မည်။
နက်ဖြန်မိုးလင်းသောအခါ ဘုရားသခင်ခန့်ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကိုကိုက်၍ ညှိုးနွမ်းစေ၏။
သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင် မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မျှော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။