Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 28:35

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဒူး​နှင့် ခြေ​ထောက်​မ​က၊ ခြေ​ဖ​ဝါး​မှ​စ၍ ဦး​ခေါင်း​ထိပ်​တိုင်​အောင် မ​ပျောက်​နိုင်​သော​အ​နာ​စိမ်း​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​တွင် အ​ဗ​ရှ​လုံ​ကဲ့​သို့ အ​ဆင်း​လှ၍ ချီး​မွမ်း​ရ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် အ​ပြစ်​တစ်​ခု​မျှ​မ​ရှိ။

ခြေ​ဖ​ဝါး​မှ​သည် ဦး​ခေါင်း​တိုင်​အောင် ကျန်း​မာ​ခြင်း​မ​ရှိ။ စုတ်​ရှ​သော​အ​နာ၊ ထိ​ခိုက်​၍​ရောင်​သော​အ​နာ၊ ရိ​ရွဲ​သော​အ​နာ​သက်​သက်​ရှိ​၏။ ထို​အ​နာ​များ​ကို မ​နှိပ်​မ​နယ်​ရ။ အ​ဝတ်​နှင့်​မ​စည်း​ရ။ ဖ​ယောင်း​ဆီ​နှင့် မ​ပျော့​စေ​ရ​သေး။

ဘု​ရား​ရှင်​သည် ဇိ​အုန်​သ​တို့​သ​မီး​တို့​ကို ခေါင်း​တုံး​ဖြစ်​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​မှ​အ​ဝတ်​ကို​ပယ်၍ အ​ရှက်​ခွဲ​တော်​မူ​မည်။

မွှေး​သော​အ​နံ့​အ​ရာ၌ ပုပ်​စပ်​သော​အ​နံ့၊ ခါး​စည်း​အ​ရာ၌ ခါး​ကြိုး၊ ကျစ်​သော​ဆံ​ပင်​အ​ရာ၌ ခေါင်း​တုံး​ခြင်း၊ ရင်​စည်း​တန်​ဆာ​အ​ရာ၌ လျှော်​တေ​ကြိုး၊ လှ​သော​အ​ဆင်း​အ​ရာ၌ သံ​ပူ​ထိုး​ချက်​ရာ ဖြစ်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

ထို​သို့ ကိုယ်​တိုင်​တွေ့​မြင်​သော​အ​မှု​ကြောင့် သင်​သည် အ​ရူး​ဖြစ်​ရ​လိမ့်​မည်။

ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ