Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 28:31

Judson Bible

သင့်​နွား​ကို သင့်​မျက်​မှောက်၌ သတ်၍​သေ​သော်​လည်း သင့်​ကိုယ်​တိုင်​မ​စား​ရ။ သင့်​မြည်း​ကို သင့်​ရှေ့​မှောက်၌ အ​နိုင်​အ​ထက်​ယူ​သွား​ပြီး​မှ၊ နောက်​တစ်​ဖန်​ပြန်၍ မ​ပေး​ရ။ သင့်​သိုး​တို့​ကို သင့်​ရန်​သူ၌​အပ်​သော​အ​ခါ ကယ်​နုတ်​သော​သူ မ​ပေါ်​မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ၏​အိမ်၌​ရှိ​သော ဥ​စ္စာ​သည် ကွယ်​ပျောက်၍၊ အ​မျက်​တော် ထွက်​သော​နေ့၌ ရေ​ကဲ့​သို့​စီး​သွား​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​စ​ပါး​နှင့် နောက်​တစ်​ဖန် ငါ​မ​ကျွေး။ သင်​သည် ကြိုး​စား၍​လုပ်​သော စ​ပျစ်​ရည်​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​သောက်​ရ​ကြ။

ထို​သူ​တို့​သည် သင်၏​အ​သီး​အ​နှံ​နှင့် သင်၏​မုန့်​ကို​စား​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​သိုး​နွား​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်​ခို​လှုံ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို​လည်း​တိုက်၍ လုပ်​ကြံ​ကြ​လိမ့်​မည်။

မိန်း​မ​နှင့် လက်​ထပ်​ပြီး​သော်​လည်း အ​ခြား​သော​သူ​သည် ပေါင်း​ဖော်​ရ​လိမ့်​မည်။ အိမ်​ကို​ဆောက်​သော်​လည်း ကိုယ်​တိုင်​မ​နေ​ရ။ စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း စ​ပျစ်​သီး​ကို မ​ဆွတ်​မ​ယူ​ရ။

သင့်​သား​သ​မီး​တို့​သည် သူ​တစ်​ပါး​လက်​သို့​ရောက်၍၊ သင့်​မျက်​စိ​သည် တစ်​နေ့​လုံး မျှော်​ကြည့်​လျက် အား​ကုန်​လိမ့်​မည်။ သင့်​လက်​သည်​လည်း ခွန်​အား​မ​ရှိ​ရ။

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ သူ​တို့​ကို မိ​ဒျန်​အ​မျိုး​လက်၌ ခု​နစ်​နှစ်​ပတ်​လုံး​အပ်​တော်​မူ​သ​ဖြင့်၊

တပ်​ချ​သ​ဖြင့်၊ ဂါ​ဇ​မြို့​တိုင်​အောင် မြေ​အ​သီး​အ​နှံ​ကို သုတ်​သင်​ပယ်​ရှင်း​လျက် စား​စ​ရာ​ကို ချန်၍​မ​ထား။ သိုး​နွား​မြည်း​ကို​လည်း ချန်၍​မ​ထား​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ