သင့်ခေါင်းပေါ်မှာ မိုးကောင်းကင်သည် ကြေးဝါကဲ့သို့လည်းကောင်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်းအားမြွက်ဆို၏။
ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့သောငှာ သွား၏။ ထိုအခါ ရှမာရိမြို့၌ ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုးကောင်းကင်ကိုသံကဲ့သို့လည်းကောင်း၊ မြေကြီးကိုကြေးဝါကဲ့သို့လည်းကောင်း၊ ငါဖြစ်စေသဖြင့်၊
စပါးရိတ်ရာကာလ မရောက်မီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှာ မိုးကိုငါဆီးတားပြီ။ မြို့တစ်မြို့ပေါ်မှာ ရွာစေခြင်းငှာလည်းကောင်း၊ တစ်မြို့ပေါ်မှာ မရွာစေခြင်းငှာလည်းကောင်းပြုလျက်၊ မြေတစ်ကွက်သည် မိုးရေကိုခံရ၍ တစ်ကွက်သည် မခံရ၊ သွေ့ခြောက်လျက်နေရ၏။
ထိုကြောင့် သင်တို့အပေါ်မှာ မိုးခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။
ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်လည်းကောင်း၊ ဓားဘေး၊ လေထိ၍အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူ၍၊ သင်သည်မပျက်စီးမီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။
ထာဝရဘုရားသည် သင့်နေရာပြည်၌ရွာသော မိုးရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမီတိုင်အောင် သင့်အပေါ်မှာကျရလိမ့်မည်။