Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 27:7

Judson Bible

မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​လည်း ပူ​ဇော်၍၊ ထို​အ​ရပ်​တွင် စား​သောက်​လျက် ရှေ့​တော်၌​ပျော်​မွေ့​ခြင်း​ကို ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။

သင်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ကယ်​တင်​ခြင်း စမ်း​ရေ​တွင်း​တို့၌ ရေ​ခပ်​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။

စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။

အ​လုံး​စုံ​တို့​ကို အ​စိုး​ရ​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​လျက်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ပေး​လိုက်​တော်​မူ​သော တ​ရား​တော်​နှင့်​အ​ညီ၊-

ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။-

ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ​တို့​နှင့် ကိုယ်​အ​ဖို့​မ​ရှိ၊ အ​မွေ​မ​ခံ​ရ​ဘဲ၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခု​နစ်​သီ​တင်း​ပွဲ​ကို​ခံ၍ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌​တည်း​ခို​သော လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

ထို​ပွဲ​ခံ​စဉ်၊ ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန် ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌ တည်း​ခို​သော​လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

ယဇ်​ပ​လ္လင်​ကို ကျောက်​နှင့်​တည်​ရ​မည်။ သံ​တန်​ဆာ​ကို မ​သုံး​ဆောင်​ဘဲ၊ မ​ကွဲ​မ​ပြတ်​သော​ကျောက်​တို့​နှင့် တည်​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ထို​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။

ထို​ကျောက်​ပေါ်​မှာ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို သေ​ချာ​စွာ​ရေး​ထား​ရ​မည်​ဟု ပြော​ဆို​ကြ၏။

ငါ​တို့​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်၍၊ ဇာ​တိ၌​ကိုး​စား​ခြင်း​မ​ရှိ​ဘဲ၊ ယေ​ရှု​ခ​ရစ်၌​သာ ဝါ​ကြွား​ဝမ်း​မြောက်​သော​သူ​ဖြစ်၍၊ မှန်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​ဖြစ်​ကြ၏။-

သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။-

လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ