အဘ၏သမီး၊ အမိ၏သမီးတည်းဟူသော မိမိအစ်မနှမနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသောနှမတစ်ယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။
သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယားကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ်သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။
တစ်အိမ်တည်း၌ မွေးဖွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဖွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။
ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသောအမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ရှေ့မှောက်၌ ပယ်ရှင်းခြင်းကိုခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကိုခံရမည်။