အဘနှင့်သာဆိုင်သော အဘ၏မယားနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။
ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့်အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။
သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘောရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။
နန်းတော်ပေါ်မှာ အဗရှလုံအဖို့မျက်နှာကြက်ကိုမိုး၍၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ခမည်းတော်၏ ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်လေ၏။
ရုဗင်သည် ဣသရေလ၏သားဦးဖြစ်သော်လည်း၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့်၊ သားဦးအရာကိုနုတ်ပြီးလျှင်၊ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့အားပေးသည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကိုမှတ်သောအခါ၊ သားဦးအရာကိုလိုက်၍ မမှတ်ရ။
သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သောမိန်းမနှင့် မှားယွင်းကြ၏။
သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကို မချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသမပြုရ။
ကိုယ်အဘ၏မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာ ဆိုင်၏။
ကိုယ်အဘ၏မယားနှင့် သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
ဆင်းရဲသောသူတို့၏ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှာ အလွန်အလိုကြီး၍၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ၏နာမမြတ်ကိုရှုတ်ချခြင်းငှာ အဘနှင့်သားသည် တစ်ဦးတည်းသောမိန်းမကို ပေါင်းဖော်သောအပြစ်၊
မတရားသောမေထုန် သာမညမဟုတ်၊ အဘ၏မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့တွင်ပင် မကြားရသော မေထုန်၌မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။-
လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏မယားကို မသိမ်းရ။
ယောက်ျား၏ အင်္ဂါလက္ခဏာမစုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား၏ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။