Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 27:18

Judson Bible

မျက်​စိ​မ​မြင်​သော​သူ​ကို လမ်း​လွဲ​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​အ​ဘ​သည် ကျွန်ုပ်​ကို စမ်း​သပ်​ကောင်း​စမ်း​သပ်​လိမ့်​မည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​ကို​လှည့်​စား​သော​သူ​ဟူ၍​ထင်​သ​ဖြင့်၊ ကျွန်ုပ်​သည် မင်္ဂ​လာ​ကို​မ​ရ​ဘဲ ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို​သာ​ခံ​ရ​လိမ့်​မည်​ဟု အ​မိ​ကို​ဆို​လေ၏။

မျက်​စိ​ကန်း​သော​သူ​တို့​အား ငါ​သည် မျက်​စိ​ဖြစ်၏။ ခြေ​ဆွံ့​သော သူ​တို့​အား ခြေ​ဖြစ်၏။

ဖြောင့်​မတ်​သော​သူ​ကို လမ်း​လွှဲ၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​သော​သူ​သည် မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​မူ​ကား၊ ကောင်း​သော​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။

သူ၏​ကင်း​စောင့်​တို့​သည် မျက်​စိ​ကန်း​ကြ၏။ ရှိ​သ​မျှ​တို့​သည် မိုက်​ကြ၏။ အ၍ မ​ဟောင်​နိုင်​သော​ခွေး၊ ယောင်​ယမ်း​သော​ခွေး၊ အိပ်​လျက် အိပ်​ချင်​အား​ကြီး​သော​ခွေး ဖြစ်​ကြ၏။

နား​ပင်း​သော​သူ​ကို မ​ကျိန်​ဆဲ​ရ။ မျက်​စိ​မ​မြင်​သော​သူ​ရှေ့​မှာ ထိ​မိ၍​လဲ​စ​ရာ​ကို မ​ထား​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

တ​ရား​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​ကို မ​တ​ရား​သ​ဖြင့် အ​ရှုံး​ပေး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။

သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ