Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 27:13

Judson Bible

ကျိန်​ခြင်း​အ​လို​ငှာ၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ ရပ်​ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင်၊ ဂဒ်၊ အာ​ရှာ၊ ဇာ​ဗု​လုန်၊ ဒန်၊ နဿ​လိ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

လေ​အာ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့်၊ သား​ကို​ဖွား​မြင်၍ ရု​ဗင်​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘုရား​သည် ငါ၏​ဆင်း​ရဲ​ခံ​ခြင်း​ကို အ​မှန်​ကြည့်​မြင်​တော်​မူ​ပြီ။ သို့​ဖြစ်၍ ယ​ခု​ငါ့​လင်​သည် ငါ့​ကို​ချစ်​လိမ့်​မည်​ဟု ဆို​သ​တည်း။

ဘု​ရား​သ​ခင်​သည်၊ ကောင်း​သော​လက်​ဖွဲ့​ကို ပေး​သ​နား​တော်​မူ​ပြီ။ ငါ့​လင်​အား သား​ခြောက်​ယောက်​ကို ဖွား​မြင်​သော​ကြောင့်၊ ယ​ခု​ငါ​နှင့် အ​မြဲ​နေ​လိမ့်​မည်​ဟု​ဆို၍၊ ထို​သား​ကို ဇာ​ဗု​လုန်​အ​မည်​ဖြင့် မှည့်​လေ၏။

သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ဆောင်​သွင်း​တော်​မူ​ပြီး​မှ၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ဂေ​ရ​ဇိမ်​တောင်​ပေါ်၌​လည်း​ကောင်း၊ ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်၌​လည်း​ကောင်း တင်​ထား​ရ​ကြ​မည်။

သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​နောက်၊ လူ​များ​တို့​အား ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ရပ်​ရ​သော​သူ​ဟူ​မူ​ကား၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ယော​သပ်၊ ဗင်္ယာ​မိန်​တည်း။

ထို​အ​ခါ လေ​ဝိ​သား​တို့​သည် ကြီး​သော​အ​သံ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဟစ်​ကြော်​ရ​သော​စ​ကား​ဟူ​မူ​ကား၊

ယော်​ဒန်​မြစ်​ကို ကူး​ပြီး​မှ၊ ယ​နေ့​ငါ​မှာ​ထား​သော ကျောက်​တို့​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ ထူ​ထောင်၍ အင်္ဂ​တေ​နှင့်​မွမ်း​မံ​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး၊ ဗိုလ်​မင်း၊ တ​ရား​သူ​ကြီး​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​ထမ်း​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​နှစ်​ဖက်၌ ရပ်၍၊ အ​မျိုး​သား​စစ်​နှင့် တစ်​ကျွန်း​နိုင်​ငံ​သား​ပါ​လျက်၊ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ လူ​တစ်​ဝက်၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ တစ်​ဝက်​တို့​သည် နေ​ကြ​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ