Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 26:9

Judson Bible

နို့​နှင့်​ပျား​ရည်​စီး​သော ဤ​ပြည်​သို့ ပို့​ဆောင်၍ ပေး​သ​နား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​အ​တိုင်း​ကျင့်၍၊ ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏​မြေ​ကို ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​ခြား​သော​လူ​တို့၏​အ​လုပ်​ထဲ​သို့ ဝင်​စား​ရ​ကြ၏။ ဟာ​လေ​လု​ယ။

အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

တစ်​ဖန်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်၊ သူ​တို့​အား​ငါ​ပေး​သော​ပြည်​သို့ မ​ပို့​ဆောင်​ခြင်း​ငှာ၊ တော၌ ငါ​ကျိန်​ဆို၏။

သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ပြီး​လျှင်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်၊ သူ​တို့​အ​ဖို့​ငှာ ကြည့်​ရှု​သော ပြည်​သို့​ဆောင်​သွား​ခြင်း​ငှာ ကျိန်​ဆို​သော​အ​ခါ၊

သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊-

ကိုယ်​တော်၏ သန့်​ရှင်း​သော နေ​ရာ​ကောင်း​ကင်​ဘုံ​မှ ငုံ့​ကြည့်၍၊ ကိုယ်​တော်၏ လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​အား ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​ရ​မည်။

ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း သင့်​အား​ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ ဝင်​စား​အံ့​သော​ငှာ ကူး​သွား​ပြီး​မှ၊ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို ထို​ကျောက်​ပေါ်​မှာ ရေး​ထား​ရ​မည်။

အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်​သည် နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ ချမ်း​သာ​ရ၍ အ​လွန်​ပွား​များ​မည်​အ​ကြောင်း နား​ထောင်​လော့။ သ​တိ​နှင့် ကျင့်​စောင့်​လော့။

ငါ​သော်​ကား၊ မြေ​သား​အ​ပေါင်း​တို့​သွား​ရာ​လမ်း​သို့ ယ​နေ့​သွား​လု​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဖို့ မိန့်​တော်​မူ​သော ကောင်း​ကျိုး​တစ်​စုံ​တစ်​ပါး​မျှ မ​ယုတ်​မ​လျော့၊ အ​ကုန်​အ​စင်​ပြည့်​စုံ​ကြောင်း​ကို သင်​တို့​သည် စိတ်​နှ​လုံး​ထဲ​မှာ သိ​ကြ၏။

ထို​အ​ခါ ရှ​မွေ​လ​သည် ကျောက်​ကို​ယူ၍ မိ​ဇ​ပါ​မြို့​နှင့် ရှင်​မြို့​စပ်​ကြား​မှာ ထူ​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ယ​ခု​တိုင်​အောင် မ​စ​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​ကျောက်​ကို ဧ​ဗ​နေ​ဇာ​အ​မည်​ဖြင့် မှည့်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ