တရားဟော 25:9Judson Bibleသူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏မျက်နှာ၌ တံတွေးထွေးလျက်၊ မိမိအစ်ကိုအိမ်ကို မဆောက်လိုသောသူ၌ ဤသို့ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကလည်း၊ သူ၏အဘသည် သူ၏မျက်နှာကို တံတွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည်မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေစေ။ ထိုနောက်မှ တပ်ထဲသို့တစ်ဖန်ဝင်စေဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
ထိုသို့ပြုသောကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အမျိုး၊ သင့်အဘ၏အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း၊ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သော သူတို့ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်အသရေပျက်ရကြလိမ့်မည်။