Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 25:2

Judson Bible

ဆိုး​သော​သူ​သည် အ​ရိုက်​ခံ​ထိုက်​လျှင်၊ တ​ရား​သူ​ကြီး​သည် ကိုယ်​မျက်​မှောက်၌ သူ့​ကို​ချ၍၊ အ​ပြစ်​နှင့်​အ​လျောက် ညီ​မျှ​သော​ဒဏ်​ချက်​ဖြင့် ရိုက်​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို ငါ​အ​ပြစ်​တင်၍ ကဲ့​ရဲ့၏။ အ​ချို့​တို့​ကို ရိုက်​လျက်၊ ဆံ​ပင်​နုတ်​လျက် ဒဏ်​ပေး၍၊ သင်​တို့​သည် ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား​ရ။ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ရ။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​အ​ဖို့ အ​ပြစ်​စီ​ရင်​ခြင်း၊ မိုက်​သော​သူ​တို့၏​ကျော​အ​ဖို့ ဒဏ်​ပေး​ခြင်း​သည် အ​သင့်​ရှိ၏။

လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။-

ပိ​လတ်​မင်း​သည်​လည်း ဗာ​ရ​ဗ္ဗ​ကို လူ​များ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။

ထို​အ​ခါ​ပေါ​လု​က၊ အ​ဖြူ​သုတ်​သော​အုတ်​ရိုး၊ ဘု​ရား​သ​ခင်​သည် သင့်​ကို​ရိုက်​တော်​မူ​မည်။ သင်​သည် အ​ကျွန်ုပ်​ကို တ​ရား​နှင့်​အ​ညီ စီ​ရင်​ခြင်း​ငှာ ထိုင်​နေ​လျက်​ပင်၊ သူ့​ကို​ရိုက်​လော့​ဟု မ​တ​ရား​သ​ဖြင့် စီ​ရင်​ရ​မည်​လော ဟု​ဆို၏။-

ထို​စ​ကား​ကို နား​ထောင်​ကြ​သ​ဖြင့်၊ တ​မန်​တော်​တို့​ကို​ခေါ်၍ ရိုက်​နှက်​ပြီး​မှ၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် မ​ဟော​မ​ပြော​မည်​အ​ကြောင်း မြစ်​တား၍ လွှတ်​ကြ၏။-

ကိုယ်​အ​ပြစ်​ကြောင့် ဒဏ်​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ အ​ဘယ်​ချီး​မွမ်း​စ​ရာ​ရှိ​သ​နည်း။ ကောင်း​မွန်​စွာ​ပြု၍ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကျေး​ဇူး​ရှိ၏။-

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ