သင့်အိမ်၌ ခြားနားသောခြင်စရာ တန်ဆာအကြီးအငယ်ကို မရှိစေရ။
သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးတည်းဟူသော ခြားနားသောအလေးကို မရှိစေရ။
သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ၊ တန်ဆာများကိုသာ သုံးရမည်။